my_tn/isa/14/31.md

4.2 KiB

အိုတံခါး၊ညည်းတွားလော့။ အိုမြို့၊ ငိုကြွေးမြည် တမ်းလော့

မြို့တံခါးများနှင့် မြို့ရွာများကို ပုံဆောင်သည်။ "အို လူများနေထိုင်ရာမြို့တံခါးများနှင့် မြို့များတွင်နေထိုင်သောလူများ ငိုကြွေးမြည်တမ်းသည်" (ရှု၊ rc://*/ta/man/translate/figs-metonymy)

သင်သည်မှိုင် တွေလျက်ရှိ ၏

ဤသည်မှာ ကြောက်ရွံ့သောကြောင့် အားနည်းလာခြင်းကို ပုံဆောင်သည်။ အခြားသောဘာသာပြန်ဆိုချက်၊ "သင်သည် ကြောက်ရွံ့စိုးရိမ်ခြင်းဖြင့် အားနည်းလာမည်" (ရှု၊ rc://*/ta/man/translate/figs-metaphor)

မြောက်မျက်နှာမှ မီးခိုးထွက်လာ၏

အင်မတန် အင်အားကြီးမားသော စစ်တပ်သည် မြောက်အရပ်မှလာမည်။ အခြားသောဘာသာပြန်ဆိုချက်၊ "မြောက်အရပ်မှ အင်မတန်အင်အားကြီးသော စစ်တပ်သည် မီးခိုးကဲ့သို့ အလုံးအရင်းရောက်လာမည်" (ရှု၊ rc://*/ta/man/translate/figs-explicit)

တိမ်တိုက်မီးခိုးများ

"မီးခိုးများ" ဆိုသည်မှာ အဓိပ္ပာယ် (၂) မျိုးရှိသည်။ (၁) စစ်တပ်များ အင်အားကြီးစွာလာသည် ဆိုရာဝယ် သူတို့လျှောက်သောလမ်းမှ ဖုန်များတထောင်းထောင်း ထလာ၍ မီးခိုးနှင့် တင်စားခြင်း။ (၂) သူတို့ ဖျက်ဆီးခဲ့သော မြို့ရွာများမှ မီးခိုးများထွက်၍ တင်စားပုံဆောင်ခြင်းဖြစ်သည်။ (ရှု၊ rc://*/ta/man/translate/figs-metaphor)

ထိုအလုံးအရင်း ၌ တယောက်တခြားစီနေသော သူမရှိ

"ထို စစ်တပ်အလုံးအရင်း ညီညွှတ်စွာ ချီတက်လာမည်။ မည်သူမျှနောက်တန်းတွင် မကျန်ရစ်ရ"

တပြည်တနိုင်မှ ရောက်လာသော သံတမန်တို့ အား အဘယ်သို့ ပြန်ပြောရမည်နည်း ဟူမူကား

ဣသရေလလူမျိုးများ ထိုသံတမန်ကို မည်သို့ဖြေကြားရမည့်အကြောင်းကို ညွှန်ပြထားသည်။ အခြားသောဘာသာပြန်ဆိုချက်၊ "ဖိလိတ္တိသံတမန်များကို မည်သို့ ဆင့်ဆိုရမည်နည်း ဟူမူကား" (ရှု၊ rc://*/ta/man/translate/figs-rquestion)

ထာဝရဘုရားသည် ဇိအုန်မြို့ကို တည်ထောင်တော်မူ သည်

"ထာဝရဘုရားသည် ဇိအုန်မြို့ကို အစပြုလိမ့်မည်"

ထိုမြို့၌

"ယေရုရှလင်မြို့၌" (ရှု၊ rc://*/ta/man/translate/figs-personification)

ကိုယ်တော်၏ ဆင်းရဲသားတို့သည်

"အတိဒုက္ခ၊ ဆင်းရဲခြင်းကြုံရသောလူမျိုးများ"