my_tn/isa/14/28.md

4.0 KiB

သင့်ကိုရိုက်သောကြိမ်လုံးကျိုး သည်

"ရိုက်သော ကြိမ်လုံး" ဆိုသည်မှာ ဖိလိတ္တိရှင်ဘုရင် သူတို့ကို တိုက်ခိုက်သောစစ်သည်များ တိုက်ခိုက်ခံရသည်ကို ပုံဆောင်သည်။ "ကျိုးသည်" ဟူသည် "ဆုံးရှုံးသွားသည်" သို့မဟုတ် "သေဆုံးသွားသည်" ကိုပုံဆောင်သည်။ အခြားသောဘာသာပြန်ဆိုချက်၊ "သင့်ကို တော်လှန်တိုက်ခိုက်သည့် ရှင်ဘုရင်ဆုံးရှုံးသွားသည်" သို့မဟုတ် "သင့်ကို တိုက်ခိုက်သည့် စစ်တပ်ပျက်စီးသွားသည်" (ရှု၊ rc://*/ta/man/translate/figs-metaphor)

ထိုမြွေအမျိုးထဲက မြွေဆိုးပေါက်လိမ့်မည်။ သူ၏အနွှယ်သည်လည်း ပျံတတ် သော မီးမြွေဖြစ်လိမ့်မည်

ဤစကားစုနှစ်ရပ်၏ ‌ဖော်ပြချက်သည် ပေါက်တတ်သော ရိုးရိုးမြွေထက်အန္တရယ်ရှိသော မြွေဆိုးကို ပုံပေါ်အောင်ရေးသားထားသည်။ ဤပုံဆောင်ချက်မှာ ပထမမင်းဆက်ထက်ပို၍ ဆိုးသော မင်းဆက်ပေါ်ထွန်းလာ၍ ဘုရင်ဆက်ခံမည်ဖြစ်သည်။ (ရှု၊ [[rc:///ta/man/translate/figs-parallelism]] နှင့် [[rc:///ta/man/translate/figs-metaphor]])

မြွေဆိုး

အဆိပ်ပြင်းသော မြွေပွေးတစ်မျိုး။

ပျံတတ်သော မီးမြွေ

"မီးမြွေ" ဟူသော စကားလုံးသည် မြွေပွေး၏ "အဆိပ်" ကို ရည်ညွှန်း၍ "ပျံတတ်သော" ဟူသည်မှာ အဆိပ်လျင်မြန်စွာ ပျံ့နှံခြင်းကို ဖော်ဆောင်သည်။ အခြားသောဘာသာပြန်ဆိုချက်၊ "အဆိပ်လျင်မြန်စွာ ပျံ့နှံ့၍ သေစေသော မြွေပွေး" (ရှု၊ rc://*/ta/man/translate/figs-metaphor)

အတိုင်းထက်အလွန် ဆင်းရဲသောသူ

အလွန်အမင်းဆင်းရဲခြင်းကို ဆိုလိုသည်။ အခြားသောဘာသာပြန်ဆိုချက်၊ "အဆင်းရဲဆုံးလူမျိုး" သို့မဟုတ် "ငါ၏ ဆင်းရဲဆုံးလူများ" (ရှု၊ rc://*/ta/man/translate/figs-metaphor)

ငါသည်သင်၏အမြစ်ကို သွေ့ခြောက်ခြင်းအားဖြင့် သတ်၍၊သင်၏ အကြွင်းကို လည်း မြွေဆိုးသည်ကွပ်မျက်လိမ့်မည်

"သင်၏ အမြစ်" ဟု ဆိုရာတွင် ဖိလိတ္တိလူမျိုးကို ရည်ညွှန်းထားသည်။ အခြားသောဘာသာပြန်ဆိုချက်၊ "သင်၏ လူမျိုးများကို ငတ်မွတ်ခြင်းဖြင့် သတ်ဖြတ်၍ အသက်ရှင်သည့် သူများအားလုံးကို သတ်ဖြတ်စေမည်" (ရှု၊ rc://*/ta/man/translate/figs-metaphor)