my_tn/isa/14/10.md

4.1 KiB

ဆက်စပ်မှုဖော်ပြချက်

ဤအပိုင်းသည် ဣသရေလလူမျိုးများ ဗာဗုလုန် ရှင်ဘုရင်ကို မချိမခံသာအောင်သီဆိုဖွဲ့နွဲ့ထားသောသီချင်းဖြစ်သည်။ မရဏာနိုင်ငံ၏ သေမင်းသည် ထိုဘုရင်ကို ပြောမည့် သီချင်းဖြစ်သည်။

ထိုသူအပေါင်းတို့က သင့်ကို နှုတ်ဆက်၍ ပြောဆိုကြလိမ့်မည်

"ထိုသူအပေါင်းတို့" ဟုဆိုရာတွင် မရဏာနိုင်ငံသေမင်းကို ရည်ညွှန်းသည်။ "သင့်ကို" ဟူသောစကားလုံးသည် ဗာဗုလုန်ရှင်ဘုရင်ကို ဖော်ဆောင်သည်။

သင်၏ ဘုန်းအသရေနှင့် သင်၏ တုရိယာမျိုး အသံဗလံတို့ကို မရဏနိုင်ငံတွင် ရှုတ်ချလေပြီတကား

မရဏာနိုင်ငံမှသေမင်းသည် ဗာဗုလုန်ရှင်ဘုရင်ကို "သင်၏ ထွန်းတောက်သောဘုန်းအသေရေသည် မရဏာနိုင်ငံသို့ဆင်းလေပြီ" ဟူ၍ပြောဆိုထားသည်။ အခြားသောဘာသာပြန်ဆိုချက်၊ "သင်၏ ထွန်းတောက်သောဘုန်းသရေသည် ဘုရားသခင်က မရဏာနိုင်ငံသို့ ပို့ဆောင်လေပြီ" (ရှု၊ rc://*/ta/man/translate/figs-metaphor)

သင်၏ တုရိယာမျိုး အသံဗလံတို့

လူများရှင်ဘုရင်ကို ဂုဏ်ပြုချီးမြှောက်ရာတွင်သုံးလေ့ရှိသောတူရိယာသံစုံတီဝိုင်း။ သေမင်းက ဗာဗုလုန်ရှင်ဘုရင်ကို ဂုဏ်ပြုသောတီးဝိုင်းများသည် မရဏာနိုင်ငံဆင်းသွားလေပြီဟု ပြောဆိုထားပုံ။ အခြားသောဘာသာပြန်ဆိုချက်၊ "သင့်ကို ဖျော်ဖြေတင်ဆက်သောတူရိယာသံစုံများ" (ရှု၊ rc://*/ta/man/translate/figs-metaphor)

သင့်အောက်၌ ပိုးကောင်များကို ခင်းလျက်

ပိုးလောက်ကောင်များသည် ဖျာ သို့မဟုတ် အိပ်ယာခင်းကျင်းထားသကဲ့သို့ သူ့ခန္ဓာကိုယ်ထဲမှာ ပျံ့နှံ့နေသည်။ အခြားသောဘာသာပြန်ဆိုချက်၊ "ပိုးလောက်ကောင်များဖြင့် ခင်းထားသောအိပ်ယာမှာအိပ်ရမည်" (ရှု၊ rc://*/ta/man/translate/figs-metaphor)

သင့်အပေါ်၌ တီကောင်များကို ခြုံလျက်

တီကောင်များသည် သူ၏ခန္ဓာကိုယ်ပေါ်တွင် အလွန်များပြားစွာဖုံးအုပ်ထား၍ စောင်ခြုံသကဲ့ဖြစ်နေမည်။ အခြားသောဘာသာပြန်ဆိုချက်၊ "တီကောင်များကို ခြုံလျက်" သို့မဟုတ် "သင်၏ ကိုယ်ပေါ်တွင်တီကောင်များဖြင့်ဖုံအုပ်လျက်" (ရှု၊ rc://*/ta/man/translate/figs-metaphor)