my_tn/isa/14/07.md

4.7 KiB

ဆက်စပ်မှုဖော်ပြချက်

ဤအပိုင်းသည် ဣသရေလူမျိုးများက ဗာဗုလုန်ရှင်ဘုရင်ကို မချိမခံသာအောင် သီဆိုဖွဲ့နွဲ့ထားသော သီချင်းဖြစ်သည်။

မြေတပြင်လုံး

ဤကမ္ဘာမြေရှိ လူသားတိုင်းကိုဆိုလိုသည်။ (ရှု၊ rc://*/ta/man/translate/figs-metonymy)

ထင်းရှုးပင်နှင့် လေဗနုန် အာရဇ်ပင်များ ဝမ်းမြောက်ကြ၏

ဟေရှာယသည် သစ်ပင်များလူကဲ့သို့ဖြစ်လျှင် ရွှင်လန်းဝမ်းမြောက်လိမ့်မည် ဖြစ်ကြောင်းပြောဆိုထားသည်။ ဤရည်ရွယ်ချက်မှာ ဘုရားသခင်သည်ကြီးစွာသော အမှုပြု၍ ဗာဗုလုန်ရှင်ဘုရင်ကိုပိတ်ပင်တားဆီးသဖြင့် တစ်လောကလုံးဝမ်းမြောက်ကြလိမ့်မည်ဖြစ်သည်။ အခြားသောဘာသာပြန်ဆိုချက်၊ "ထင်းရှုးပင်နှင့် လေဗနုန်အာရဇ်ပင်များသည် ထိုဖြစ်လာမည့်အရာကြောင့် ရွှင်လန်းဝမ်းမြောက်လိမ့်မည်" (ရှု၊ rc://*/ta/man/translate/figs-personification)

သင့်ကို ရည်ဆောင်၍ ဝမ်းမြောက်ကြ၏

အဘယ့်ကြောင့်ပျော်ရွှင်ဝမ်းမြောက်ရသည်ကို ရှင်းလင်းစွာဖော်ပြထားသည်။ အခြားသောဘာသာပြန်ဆိုချက်၊ "ဘုရားသခင်သင့်ကို တန်ခိုးအစွမ်းမဲ့အောင်ပြုလုပ်သောကြောင့် ပျော်ရွှင်ဝမ်းမြောက်ရသည်" (ရှု၊ rc://*/ta/man/translate/figs-explicit)

ငါတို့ကို ခုတ်လှဲသော သူသည် မတက်မလာရ

ဤသည်မှာ တန်ခိုးအစွမ်းမဲ့၍ အရေးမပါသော သူဖြစ်သွားသည်ကို ဖော်ဆောင်သည်။ အခြားသောဘာသာပြန်ဆိုချက်၊ "သင့်တန်ခိုးအစွမ်းမဲ့သွားသောအချိန်" (ရှု၊ rc://*/ta/man/translate/figs-metaphor)

အောက်အ ရပ် မရဏာနိုင်ငံသည် ကြိုဆိုအံ့သောငှါ

လူသေအလောင်း၏ ခန္ဓာကိုယ်ထဲတွင် ပိုးလောက်ကောင်များသည် ဖျာခင်းထားသကဲ့သို့ လိုက်စားပျံ့နှံ့နေသည်။ အခြားသောဘာသာပြန်ဆိုချက်၊ "ပိုးလောက်ကောင်များနှင့် ခင်းကျင်းထားသော အိမ်ယာတွင်အိပ်ရမည်" သို့မဟုတ် "မြောက်များစွာသော လောက်ကောင်များပေါ်တွင် အိပ်ရမည်" (ရှု၊ rc://*/ta/man/translate/figs-personification)

သင်္ချိုင်းသားများနှင့် လောကီမင်းများအပေါင်းတို့ကို သင့်အတွက်ကြောင့် နှိုးဆော်လေ၏

"လောကီမင်းအပေါင်းတို့၏ ရှင်ဘုရင်သင့်ကို သေမင်းသည် နှိုးလေပြီ" မရဏာနိုင်ငံသည် လူပုဂ္ဂိုလ်တစ်ဦးကဲ့သို့တင်းစားထား၍ သေခြင်းကို နှိုးဆော်လေပြီဟူ၍ ရေးထားသည်။ အခြားသောဘာသာပြန်ဆိုချက်၊ "မရဏာနိုင်ငံမှ သေမင်းသည် လောကီအပေါင်း၏ ရှင်ဘုရင်ကို နှိုးဆော်ကြိုဆိုလေပြီ" (ရှု၊ rc://*/ta/man/translate/figs-personification)