my_tn/isa/11/10.md

2.8 KiB

ယေရှဲ၏အမြစ်

ယေရှဲ၏သား၊ ဒါဝိဒ်ရှင်ဘုရင်မှ ဆင်းသက်လာသော မျိုးဆက်မှ ရှင်ဘုရင်ပေါ်ထွန်းမည်ဟူ၍ ဟေရှာယ ၁၁:၁ တွင်လည်း ညွှန်းဆိုထားသည်။ အခြားသောဘာသာပြန်ဆိုချက်၊ "ယေရှဲအမျိုးမှ ဆင်းသက်လာသော ဘုရင်မျိုးနွယ်" သို့မဟုတ် "ယေရှဲမျိုးနွယ်မှ ရှင်ဘုရင်မင်းဆက်" (ရှု၊ rc://*/ta/man/translate/figs-metonymy)

လူ များအဘို့ထူသောအလံ ဖြစ်လိမ့်မည်

အောင်လံတော်အလံကို လွှင့်ထူခြင်းသည် ပြည်သူများ ဘုရင်ကိုဖူးမျှော်ရန်အတွက် ကြွလာခြင်းအမှတ်လက္ခဏာဖြစ်သည်။ အခြားသောဘာသာပြန်ဆိုချက်၊ "ပြည်သူလူထုများအတွက် အမှတ်လက္ခဏာဖြစ်သည်" သို့မဟုတ် "ဘုရင်ကို ကြည့်မျှော်ရန်လွှင့်ထူသော အလံဖြစ်သည်" (ရှု၊ rc://*/ta/man/translate/figs-simile)

တပါးအ မျိုးသားတို့သည်

"တိုင်းနိုင်ငံများမှ လူများ"

ထိုကာလ၌ ထာဝရဘုရားသည် လက်တော်ကို ဆန့်၍ ကိုယ်တော်၏ လူတို့ကို ကယ်ယူခြင်းငှါ တဖန်ပြုတော်မူလိမ့်မည်

"ထိုလက်တော်" ဆိုသည်မှာ ဘုရားသခင်၏ တန်းခိုးအစွမ်းသတ္တိကို ရည်ညွှန်းခြင်းဖြစ်သည်။ အခြားသောဘာသာပြန်ဆိုချက်၊ "ဘုရားသခင်သည် သူ၏တန်ခိုးအစွမ်းသတ္တိကို တဖန်အသုံးပြု၍ ကျန်ကြွင်းသော သူ့လူများကို ခေါ်ဆောင်ယူလိမ့်မည်" (ရှု၊ rc://*/ta/man/translate/figs-metonymy)

ပါသရုပြည် ... ဧလံပြည် ... ဟာမတ်ပြည်

နေရာဒေသများ၏ နာမည်များဖြစ်သည်။ (ရှု၊ rc://*/ta/man/translate/translate-names)