my_tn/isa/11/06.md

5.0 KiB

ယေဘုယျအချက်အလက်

ဟေရှာယသည် ထိုရှင်ဘုရင်အုပ်စိုးသည့် ကမ္ဘာမြေကိုပုံဖော်အောင်ပြသထားသည်။ ငြိမ်သက်၊ ငြိမ်းချမ်းခြင်းလုံးလုံးပြည့်ဝသော ကမ္ဘာမြေဖြစ်လိမ့်မည်။ ဤငြိမ်းချမ်းခြင်းသည် တောရိုင်းတိရိစ္ဆာန်များ၌ပင်ဖြစ်ပေါ်စေသည်။ တိရိစ္ဆာန်များအချင်းချင်း တစ်ကောင်နှင့်တစ်ကောင် သတ်ဖြတ်ခြင်းမှ ကင်းဝေး၍ ဘေးရန်ကင်းလုံခြုံစွာနေထိုင်ကြလိမ့်မည်။

တောခွေး ... ကျားသစ် ... ခြင်္သေ့သငယ် ... ဝံမ ... ခြင်္သေ့

ဤစာပိုဒ်များသည် တိရိစ္ဆာန်များကို ရည်ညွှန်းဖော်ပြသည်။ ဤအကောင်များသည် သန်မာသော တိရိစ္ဆာန်များဖြစ်၍ အချင်းချင်းကိုက်ဖြတ်စားသောက်ကြသည်။ အခြားသောဘာသာပြန်ဆိုချက်၊ "တောခွေးများ ... ကျားသစ်များ ... ခြင်္သေ့ပျိုများ ... ဝက်ဝံများ ... ခြင်္သေ့များ" (ရှု rc://*/ta/man/translate/figs-genericnoun)

သိုးသငယ် ... ဆိတ်သငယ် ... နွားသငယ် ... ဆူအောင်ကျွေးသောအကောင်တို့ ... နွားမ ... နွား

ဤစာပိုဒ်များသည် မြက်ပင်စားသော တိရိစ္ဆာန်အားလုံးကို ယေဘုယျရည်ညွှန်းထားသည်။ ရိုင်းစိုင်းသော အသားစားတိရိစ္ဆာန်များသည် ဤအကောင်များကို တိုက်ခိုက်စားသောက်လေ့ရှိသည်။ အခြားသောဘာသာပြန်ဆိုချက်၊ "သိုးသငယ်များ ... ဆိတ်သငယ်များ ... နွားသငယ်များ ... ဆူဖြိုးသောအကောင်များ ... နွားများ" (ရှု၊ rc://*/ta/man/translate/figs-genericnoun)

ကျားသစ်

အဝါ‌ရောင်အမွှေးပေါ်တွင် အမည်းပြောက်စက်ရှိ၍ တခြားသော အကောင်ငယ်များကို ကိုက်ပြတ်စားသောက်သည့်ကြီးမားသောတောကြောင်အမျိုးအစားဖြစ်သည်။ (ရှု၊ rc://*/ta/man/translate/translate-unknown)

နွားသငယ်၊ခြင်္သေ့သငယ်၊ ဆူအောင်ကျွေးသော အကောင်တို့သည် အတူသွားလာကြ၍

ဤစာပိုဒ်သည် "ဖြစ်လာလိမ့်မည်" ကိုရေးသားထားသည်။ အခြားသောဘာသာပြန်ဆိုချက်၊ "နွားသငယ်၊ ခြင်္သေ့သငယ်နှင့် ဆူဖြိုးသောအကောင်များ အတူတကွနေထိုင်လိမ့်မည်" (ရှု၊ rc://*/ta/man/translate/figs-ellipsis)

ဝက်ဝံ

အင်မတန်ကြီးမား၍ အမွှေးထူထပ်ကာ ချွန်ထက်သော လက်သည်းများဖြင့် အကောင်ငယ်များကို ကိုက်ဖြတ်စားသောက်သည်။ (ရှု၊ rc://*/ta/man/translate/translate-unknown)

လူသူငယ်သည် သူတို့ကို ပို့ဆောင်လိမ့်မည်

လူသူငယ်သည် ကောင်းမွန်သောစားကျက်ရှိသည့်နေရာ နှင့် သောက်သုံးရေရှိသောနေရာသို့ လမ်းပြခေါ်ဆောင်လိမ့်မည်။

အတူကျက်စားကြလိမ့်မည်

"အတူတကွ မြက်ကိုစားသောက်လိမ့်မည်"

သူတို့ သားငယ်

ဤစကားလုံးသည် တိရိစ္ဆာန်များမွေးသော အကောင်ငယ်များကို ဆိုလိုသည်။