my_tn/isa/11/03.md

6.2 KiB

ဆက်စပ်မှုဖော်ပြချက်

ဟေရှာယသည် ထိုရှင်ဘုရင်ကိုဆက်လက်၍ဖော်ပြသည်။

မိမိမျက်စိမြင်သည်အတိုင်း တရားမစီရင်

"မိမိမျက်စိမြင်သည့်အတိုင်းတရားမစီရင်" ဆိုသည့် စကားရပ်သည် လူပုဂ္ဂိုလ်တစ်ဦးကို မြင်တွေ့သည့်အတိုင်းမစီရင်ကြောင်းဖော်ပြသည်။ အခြားသောဘာသာပြန်ဆိုချက်၊ "ထိုသူသည် လူတစ်ဦးကို သူမြင်သည့်အတိုင်းစီရင်လိမ့်မည်မဟုတ်" (ရှု၊ rc://*/ta/man/translate/figs-explicit)

မိမိနားကြားသည်အတိုင်းမဆုံးဖြတ်ဘဲ

ဤစကားရပ်သည်လည်း ထိုသူသည်လူတစ်ဦးကို လူများပြောဆိုသည့်အတိုင်းကြား၍ မဆုံးဖြတ်ကြောင်းကိုညွှန်းဆိုသည်။ အခြားသောဘာသာပြန်ဆိုချက်၊ "ထိုသူသည် သူများပြောဆိုသည်ကို မိမိကြားသည့်အတိုင်း စီရင်ဆုံးဖြတ်ခြင်းမရှိပေ" (ရှု၊ rc://*/ta/man/translate/figs-explicit)

ဆင်းရဲသား ...နှိမ့်ချသော ... မြေကြီးသား

ဤစာပိုဒ်သည် "ဆင်းရဲသောသူများ ... နှိမ့်ချသောသူများ ... ဆိုးသွမ်းသောသူများ" ဟူ၍ ရည်ရွယ်ဖော်ပြထားသည်။ (ရှု၊ rc://*/ta/man/translate/figs-nominaladj)

မြေကြီးကိုနှုတ်က ပတ်တော် လှံတံနှင့် ဒဏ်ခတ်၍၊ ဆိုးသောသူကို နှုတ်ခမ်း ထွက်သက်နှင့် ကွပ်မျက်လိမ့်မည်

ဤစာပိုဒ်နှစ်ခုသည် ဆိုလိုရင်းအဓိပ္ပါယ်တူညီသည်။ (ရှု၊ rc://*/ta/man/translate/figs-parallelism)

မြေကြီးကိုနှုတ်က ပတ်တော် လှံတံနှင့် ဒဏ်ခတ်၍

"မြေကြီး" ဆိုသည့်စကားလုံးသည် ကမ္ဘာမြေကြီးပေါ်ရှိလူများကို ပုံဆောင်၍ပြောဆိုသည်။ "နှုတ်ကပတ်တော်လှံတံနှင့် ဒဏ်ခတ်ခြင်း" ဆိုသည်မှာ ထိုသူတို့ကို တရားစီရင်ဒဏ်ခတ်ခြင်းကို ဆိုလိုသည်။ အခြားသောဘာသာပြန်ဆိုချက်၊ "သူသည် မြေကြီးပေါ်ရှိလူများကို စီရင်၍ ဒဏ်ခတ်တော်မူလိမ့်မည်" (ရှု၊ rc://*/ta/man/translate/figs-metonymy)

ဆိုးသောသူကို နှုတ်ခမ်း ထွက်သက်နှင့် ကွပ်မျက်လိမ့်မည်

"နှုတ်ခမ်းထွက်သက်" ဆိုသည်မှာ သူတို့ကို တရားစီရင်ခြင်းကိုပုံဆောင်သည်။ အခြားသောဘာသာပြန်ဆိုချက်၊ "သူသည် ဆိုးသွမ်းသောသူများကို တရားစီရင်၍ ကွပ်မျက်လိမ့်မည်" (ရှု၊ rc://*/ta/man/translate/figs-metonymy)

သူ၏ ခါးပန်း ခါးစည်း ဖြစ်လိမ့်မည်

အဓိပ္ပာယ်ဖွင့်ဆိုချက် (၂) မျိုးရှိသည်။ ၁) ခါးပန်း၊ ခါးစည်းကို အဝတ်အထည်၌ လုံခြုံစွာစည်း၍ အလုပ်လုပ်ဆောင်ကြသည်။ သန်စွမ်းစွာလှုပ်ရှားနိုင်စေသည်။ (၂) ခါးပန်း၊ ခါးစည်းသည် ရှင်ဘုရင်ဝတ်ဆင်လျှင် သူ၏အခွင့်အာဏာဖော်ပြခြင်းဖြစ်သည်။

တရားနှင့်သစ္စာသည် သူ၏ ခါးပန်း ခါးစည်း ဖြစ်လိမ့်မည်

သစ္စာတရားကို ခါးပန်း၊ ခါးစည်းကဲ့သို့ ဝတ်ဆင်ခြင်းကို ပုံဆောင်သည်။ အခြားသောဘာသာပြန်ဆိုချက်၊ "သူ၏ ဖြောင့်မတ်ခြင်းဟူသော သစ္စာတရားသည် ခါးပန်း၊ခါးစည်းကဲ့သို့ ဝန်းရံနေသည်။ ရှင်ဘုရင်၏အခွင့်အာဏာ၊ စိုးစံခြင်းသည် သူ၏ ဖြောင့်မတ်ခြင်းကိုဖော်ပြသည်" အခြားသောဘာသာပြန်ဆိုချက်၊ "ဖြောင့်မတ်စွာအုပ်ချုပ်စိုးစံလိမ့်မည်" (ရှု၊ rc://*/ta/man/translate/figs-metaphor)

သစ္စာသည် သူ၏ ခါးပန်း ခါးစည်း ဖြစ်လိမ့်မည်

အခြားသောဘာသာပြန်ဆိုချက်၊ "သစ္စာတရားသည် ခါးပန်း၊ ခါးစည်းကဲ့သို့ဝန်းရံနေသည်" (ရှု၊ rc://*/ta/man/translate/figs-ellipsis)