my_tn/isa/11/01.md

3.7 KiB

ယေရှဲအမျိုးအငုတ်၌ အတက်ပေါက်လိမ့်မည်။ သူ၏အမြစ်တို့တွင် အညွန့်သည် အသီးသီးလိမ့်မည်

ဟေရှာယသည် ယေရှဲအမျိုးမှ ဆင်းသက်သောအမျိုးအနွယ်များသည် သစ်ပင်တစ်ပင်ကဲ့သို့ ခုတ်လှဲခြင်းခံခဲ့ရကြောင်းပြောဆိုထားသည်။ ဤစကားစုနှစ်ရပ်သည် ယေရှဲအမျိုးအနွယ်ထဲက ဘုရင်ပေါ်ထွန်းလာမည်ဆိုသည့် အဓိပ္ပာယ်ဖြစ်သည်။ အခြားသောဘာသာပြန်ဆိုချက်၊ "သစ်ပင်အငုတ်၌ အတက်ပေါက်သကဲ့သို့ ယေရှဲအမျိုးမှ ဆင်းသက်လာသောမျိုးနွယ်စု၌ ရှင်ဘုရင်ပေါ်ထွန်းလိမ့်မည်" (ရှု၊ [[rc:///ta/man/translate/figs-parallelism]] နှင့် [[rc:///ta/man/translate/figs-metaphor]])

ယေရှဲအမျိုးအငုတ်၌

သစ်ပင်ကို ခုတ်လှဲ၍ ကျန်ကြွင်းနေသော သစ်ငုတ်တိုဖြစ်သည်။ "ယေရှဲအမျိုးအငုတ်၌" ဟုဆိုရာတွင် တစ်ချိန်က ဒါဝိဒ်ရှင်ဘုရင်၊ ယေရှဲ၏သားတည်ထောင်ခဲ့သောနိုင်ငံတော်ခေတ်မှ ကျန်နေသောမျိုးနွယ်ကို ကိုယ်စားပြုခြင်းဖြစ်သည်။ (ရှု၊ rc://*/ta/man/translate/figs-metaphor)

ထာဝရဘုရား၏ ဝိညာဉ်တော်သည် ထိုသူအပေါ်မှာ ကျိန်းဝပ်တော်မူလိမ့်မည်

ကျိန်းဝပ်တော်မူခြင်းဆိုသည်မှာ ထိုသူကို ကိုယ်စားပြုခြင်းနှင့်ကူညီမစတော်မူခြင်းဖြစ်သည်။ "ထိုသူ" ဟူသောစကားလုံးသည် ရှင်ဘုရင်ဖြစ်လာမည့်သူကိုရည်ညွှန်းသည်။ (ရှု၊ rc://*/ta/man/translate/figs-metaphor)

ဉာဏ်ပညာကို ပေးသောဝိညာဉ် ... ကြံစည်တတ် စွမ်းနိုင် သော သတ္တိကိုပေးသောဝိညာဉ် ... ထာဝရဘုရားကိုသိ၍ ကြောက်ရွံ့သောသဘောကို ပေးသောဝိညာဉ်တော်

ဤဖော်ပြထားသော "ဝိညာဉ်တော်" ဆိုသည့် စကားလုံးသည် တတ်စွမ်းခြင်း သို့မဟုတ် ထာဝရဘုရား၏ဝိညာဉ်တော်သည် ထိုသူ၌ပေးထားသည့်အစွမ်းပင်ဖြစ်သည်။ အခြားသောဘာသာပြန်ဆိုချက်၊ "ထိုသူသည် ဉာဏ်ပညာနှင့် တတ်စွမ်းနိုင်သောဉာဏ်၊ ကြံစည်တတ်စွမ်းနိုင်သောသတ္တိနှင့် ထာဝရဘုရားကိုသိ၍ ကြောက်ရွံ့၏" (ရှု၊ rc://*/ta/man/translate/figs-metonymy)