my_tn/isa/09/04.md

5.7 KiB

ယေဘုယျအချက်အလက်

ဟေရှာယသည် ထာဝရဘုရားမှ သူ၏လူများကို ကယ်တင်မည့်အချိန် ရောက်ရှိပြီဟုဖော်ပြနေသည်။ (9:1) ဤအရာများသည် အနာဂတ်တွင် ဖြစ်ပွားလိမ့်မည်။ ဟေရှာယသည် ဖြစ်ပြီးသကဲ့သို့ ဖော်ပြသည်။ အမှန်တကယ်ဖြစ်လာမည့် အရာကိုအထူးပြုသည်။ (ရှု၊ rc://*/ta/man/translate/figs-pastforfuture)

အကြောင်းမူကား၊ မိဒျန်လက်ထက်၌ ပြုတော် မူသကဲ့သို့၊ ကိုယ်တော်သည် သူတို့ထမ်းရသောထမ်းဘိုး၊ ကျော၌ခံရသောတုတ်ကို၎င်း၊ ညှဉ်းဆဲသောသူ၏ လှံတံကို၎င်း ချိုးတော်မူပြီ

ဟေရှာယသည် အာရှုရိ၏ကျွန်ဖြစ်သော အစ္စရေးလူမျိုးများသည် နွားထီး ထမ်းပိုးထမ်းထားရသကဲ့သို့ ဖြစ်နေသည်ဟုပြောဆိုပါသည်။ ဤအရာသည် အနာဂတ်တွင် ဖြစ်မည့််အရာဖြစ်သော်လည်း ဖြစ်ပြီးသကဲ့သို့ပြောသည်။ အခြားသောဘာသာပြန်ဆိုချက်၊ "တစ်နေ့တွင် မိဒျန်လက်ထက်မှ ဣသရေလသည် ကျွန်မှလွတ်မြောက်လိမ့်မည်။ တိရစ္ဆာန်ပုခုံးမှ ထမ်းပိုးကို လူကဖယ်ရှားသကဲ့သို့ ထာဝရာဘုရားသည် ညဉ်းပမ်းသောသူများအားဖယ်ရှားလိမ့်မည်" (ရှု၊ [[rc:///ta/man/translate/figs-metaphor]] နှင့် [[rc:///ta/man/translate/figs-pastforfuture]])

သူတို့ထမ်းရသောထမ်းဘိုး၊ ကျော၌ခံရသောတုတ်ကို၎င်း၊ ညှဉ်းဆဲသောသူ၏ လှံတံ

ဟေရှာယသည် သူ၏လူများအား လူတစ်ဦးဖြစ်သကဲ့သို့ ပြောနေသည်။ အခြားသောဘာသာပြန်ဆိုချက်၊ "သူတို့၏ ထမ်းဘိုး၊ သူတို့ပုခုံးများ၊ သူတို့အား ညဉ်းပမ်းနှိပ်စက်သူ" (ရှု၊ rc://*/ta/man/translate/figs-metaphor)

သူတို့ထမ်းရသောထမ်းဘိုး

ရက်မသည် ထမ်းဘိုး၏ အစိတ်အပိုင်းတစ်ခုဖြစ်ပြီး နွားထီး၏ ပုခုံးပေါ်မှာတင်ထားသောအရာဖြစ်သည်။

ရက်မ၊ တုတ်ချောင်း၊ တောင်ဝှေး

သစ်သားရှည်တစ်ခုဖြစ်ပြီး နွားများအား အလုပ်လုပ်ရန် ရိုက်နှက်၍အသုံးပြုသည်။ လူတစ်ဦးသည် အခြားလူများအပေါ်ဩဇာလွှမ်းမိုးခြင်းသင်္ကေတဖြစ်သည်။

ကျော၌ခံရသောတုတ်ကို၎င်း

နွားများအားခိုင်းစေရန်အတွက် ဒုတ်ချောင်း အသုံးပြုရသကဲ့သို့ ယုဒလူများအပေါ် ဩဇာသက်ရောက်ညှဉ်းပန်းခြင်းဖြစ်မည်ဟု ဟေရှာယပြောသည်။ (ရှု၊ rc://*/ta/man/translate/figs-metaphor)

မိဒျန်လက်ထက်

"နေ့" ဟူသည် တစ်နေ့နေ့တစ်ချိန်ချိန်တွင် ဖြစ်ပျက်လာမည့်အရာကို ပြောပြရည်ညွှန်းသည်။ အခြားသောဘာသာပြန်ဆိုချက်၊ "မိဒျန်လူများ၏ ဖျက်ဆီးခြင်းကိုခံရလိမ့်မည်" (ရှု၊ rc://*/ta/man/translate/figs-idiom)

စစ်တိုက်သောသူရဲ၏ ခြေစွပ်နှင့် အသွေးလှသော အဝတ်တန်ဆာရှိသမျှတို့သည် မီးရှို့ဘို့မီးစာ ဖြစ်ရကြ လိမ့်မည်

ကတ္တားဝါကျဖြင့် ပြန်ဆိုနိုင်သည်။ အခြားသောဘာသာပြန်ဆိုချက်၊ "စစ်တိုက်သောသူ၏ ခြေစွပ်နှင့် အသွေဖုံးသောအဝတ်များသည် လောင်ကျွမ်းလိမ့်မည်" (ရှု၊ rc://*/ta/man/translate/figs-activepassive)

မီးရှို့ဘို့မီးစာ

အခြားသောဘာသာပြန်ဆိုချက်၊ "စစ်ဝတ်စုံများ၊ ဖိနပ်များသည် မီးလောင်ရန်အတွက် လောင်စာများဖြစ်လိမ့်မည်" (ရှု၊ rc://*/ta/man/translate/figs-explicit)