my_tn/isa/06/08.md

3.0 KiB

ယေဘုယျအချက်အလက်

ဟေရှာယသည် သူ၏ရူပါရုံကို ဆက်လက်ဖော်ပြနေသည်။

ထာဝရဘုရား၏ မေးတော်မူသံကို ကြားလျှင်

ဤနေရာတွင်" အသံ" သည် ထာဝရဘုရားအား ကိုယ်စားပြုသည်။ အခြားသောဘာသာပြန်ဆိုချက်၊ "ထာဝရဘုရား ပြောသည်" (ရှု၊ rc://*/ta/man/translate/figs-metonymy)

ငါသည်အဘယ်သူကို စေလွှတ်ရမည်နည်း

ထာဝရဘုရားသည် ဣသ‌ရေလလူများအား နှုတ်ကပတ်‌တော်ပြောရန်တစ်စုံတစ်ဦးကို စေလွှတ်လိမ့်မည်။ အခြားသောဘာသာပြန်ဆိုချက်၊ "လူများအား သတင်းကောင်းပြောရန် အဘယ်သူအား ကျွန်ုပ်စေလွှတ်ရမည်နည်း" (UDB) (ရှု၊ rc://*/ta/man/translate/figs-explicit)

ငါတို့အဘို့ အဘယ်သူသွားမည်နည်း

"ငါတို့" ဟူသည် ထာဝရဘုရားနှင့် ကောင်းကင်ဆိုင်ရာအဖွဲ့ဝင်များ အားရည်ညွှန်းပါသည်။ (ရှု၊ rc://*/ta/man/translate/figs-inclusive)

ထိုလူမျိုး

ဣသရေလလူများ

ကြားလျက်ပင်၊ အနက်ကို နားမလည် ........ မြင်လျက်ပင်အာရုံမပြုဘဲ မြင်ကြလိမ့်မည်

ဆိုလိုချက် (၁) အလွန်အရေးကြီးသော "နားမလည်နိုင်ခြင်း" သို့မဟုတ် "မမြင်နိုင်ခြင်း" သည် ဘုရားသခင်မှ ဖြစ်ပွားစေသောအရာဖြစ်သည်။ အခြားသောဘာသာပြန်ဆိုချက်၊ "သင်နားထောင်လိမ့်မည် သို့သော်လည်း ထာဝရဘုရားမှ နားလည်ရန်ခွင့်မပြု။ သင်ဂရုတစိုက်ကြည့်လိမ့်မည် သို့သော်လည်း ထာဝရဘုရားသည် နားလည်ရန်ခွင့်မပြုပေ" ဆိုလိုချက် (၂) အခြားသောဘာသာပြန်ဆိုချက်၊ "သင်နားထောင်သော်လည်း နားမလည်နိုင်၊ သင်ဂရုတစိုက် ကြည့်ရှုသော်လည်း နားမလည်နိုင်ပါ" (ရှု၊ rc://*/ta/man/translate/figs-imperative)