my_tn/isa/05/11.md

2.8 KiB

သေရည်သေရက်ကို သောက်အံ့သောငှါ၊ နံနက် စောစောထ၍ စပျစ်ရည်နှင့် ယစ်မူးအံ့သောငှါ၊ ညဉ့်ကို လည်း လွန်စေတတ်သော သူတို့သည် အမင်္ဂလာရှိကြ၏

လူများသည် တစ်နေကုန် ဘာမျှမလုပ်ပဲ အရက်သေစာသောက်စားမူးယဇ်နေခြင်းကို ဆိုလိုပါသည်။ (ရှု၊ rc://*/ta/man/translate/figs-merism)

စပျစ်ရည်နှင့် ယဇ်မူးအံ့သောငှာ

ဝိုင်အရက်သည် မူးယစ်စေပြီဟု ပြောဆိုထားပြီး လောင်ကျွမ်းစေသည်။ အခြားသောဘာသာပြန်ဆိုချက်၊ "ဝိုင်၊ အရက် သောက်စားမူးယဇ်နေသည်" (ရှု၊ rc://*/ta/man/translate/figs-metaphor)

စောင်း၊ တယော၊ ပတ်သာ၊ ပုလွေ၊ စပျစ်ရည်ပါတတ်၏

တူရိယာများနှင့် ဝိုင်အရက်သည် လူများအား ပျော်ရွင်မှုကို ပေးသည်။

ပတ်သာ

ဤတူရိယာပစ္စည်းသည် ဗုံကဲ့သို့ လက်နှင့်ရိုက်ပြီးတီးရသော အမျိုးအစားဖြစ်သည်။ ပတ်သာ ပတ်လည်တွင် သတ္တုအပိုင်းအစလေးများရှိပြီး တီးခတ်သူမှ တီးခါသောအခါ အသံမြည်ပါသည်။ ပတ်သာသည် သေးငယ်ပြီး တီးသူရဲ့ လက်တစ်ဖက်နှင့် ကိုင်၌တီးခတ် ရပါသည်။ (ရှု၊ rc://*/ta/man/translate/translate-unknown)

ပမာဏပြု

လေးလေးနက်နက်ထား၍ စဉ်းစားသည်။

လက်တော်နှင့် ပြုတော်မူရာကို

"လုပ်နေသည်" ဆိုသည်မှာ လုပ်ပြီးနေပြီကို ဖော်ပြခြင်းဖြစ်သည်။ "ဖန်တီးလုပ်ဆောင်ပြီးပြီ" ကိုဆိုလိုပါသည်။ အခြားသောဘာသာပြန်ဆိုချက်၊ "သူလုပ်ဆောင်ပြီးပြီ" သို့မဟုတ် "သူဖန်တီးပြီးပြီ" (ရှု၊ rc://*/ta/man/translate/figs-abstractnouns)