my_tn/isa/05/03.md

3.4 KiB

ယေဘုယျအချက်အလက်

ဟေရှာယပုံဆောင်၍ ပြောသော စပျစ်ခြံ၊ စပျစ်ခြံပိုင်ရှင်သည် ဘုရားသခင်၊ ယုဒနှင့် ယေရုရှလင်၌ ရှိသောလူမျိုးများကို ကိုယ်စားပြု၍ပြောသောအရာဖြစ်ပါသည်။ (ရှု၊ rc://*/ta/man/translate/figs-parables)

အိုယုဒပြည်သူ၊ ယေရုရှလင်မြို့သားတို့

ယုဒနှင့် ယေရုရှလင်၌ နေထိုင်ကြသော လူအများကို ပုံဆောင်သည်။ (ရှု၊ rc://*/ta/man/translate/figs-genericnoun)

ယေရုရှလင် ........ ယုဒ

"ယုဒ" သည် ဣသရေလတောင်ပိုင်း ပြည်နယ်အမည်ဖြစ်၍ "ယေရုရှလင်" သည် မြို့တော်အမည်ဖြစ်သည်။

ငါနှင့်ငါ့စပျစ်ဥယျာဉ်အမှုကို စီရင်ကြပါလော့

"နှစ်ခုသောအရာထဲမှ တစ်ခုကို ရွေးချယ်ရန်" သို့မဟုတ် "အခြားသော အရာထဲမှ ရွေးရန်" ဟူသော သဘောသဘာဝကိုဖော်ပြပါသည်။ အခြားသောဘာသာပြန်ဆိုချက်၊ "မှန်ကန်သော အရာကိုရွေးချယ်ဆုံးဖြတ်ရန်၊ ငါ သို့မဟုတ် ငါ၏ စပျစ်ခြံ" (ရှု၊ rc://*/ta/man/translate/figs-metaphor)

ငါ့စပျစ်ဥယျာဉ်၌ ငါ့ကျေးဇူးပြုနိုင်လျက်၊ မပြု သေးသော အရာတစုံတခုရှိသလော

စပျစ်ခြံပိုင်ရှင်မှ မေးခွန်းတစ်ခုအဖြစ်အသုံးပြုထားသောဖော်ပြချက်ဖြစ်ပါသည်။ အခြားသောဘာသာပြန်ဆိုချက်၊ "ငါ့ရဲ့ စပျစ်ခြံအတွက် လုပ်ဆောင်နိုင်သမျှ အရာအားလုံးကို ငါလုပ်ဆောင်ပြီးပါပြီ" (ရှု၊ rc://*/ta/man/translate/figs-rquestion)

စပျစ်သီးကို သီးမည်ဟု မြော်လင့်သည်ရှိသော်။ ဗောရှသီးကို အဘယ် ကြောင့် သီးသနည်း

ပိုင်ရှင်သည် သူ၏ စပျစ်ခြံမှကောင်းသော စပျစ်ရည်ထွက်သင့်သည်ဟု မေးခွန်းတစ်ခုအဖြစ်အသုံးပြုထားသော ဖော်ပြချက်ဖြစ်ပါသည်။ အခြားသောဘာသာပြန်ဆိုချက်၊ "ကောင်းသော စပျစ်ရည်အရသာငါအလိုရှိသော်လည်း စပျစ်ရည်အရိုင်းများကို ထုတ်လုပ်‌‌လေပြီ" (ရှု၊ rc://*/ta/man/translate/figs-rquestion)