my_tn/isa/03/08.md

3.2 KiB

ဆက်စပ်မှုဖော်ပြချက်

ပရောဖက်သည် ဤအခြေအနေကို မှတ်ချက်ပြုရန်စတင်သည်။

ယေရုရှလင်မြို့ပြိုလဲလျက် ယုဒပြည်ဆုံးရှုံးလျက်ရှိ၏

ဘုရားသခင်အား နာမခံခြင်းအားဖြင့် ပြိုလဲခြင်းနှင့် ဆုံးရှုံးခြင်းဖြစ်စေသည်။ (ရှု၊ rc://*/ta/man/translate/figs-metaphor)

ဘုန်းကြီး သော မျက်ဆံတော်တို့ကို

"မျက်စိ" သည် ဘုန်းတန်ခိုးကြီးသူဖြစ်သော ဘုရားသခင်ကို ကိုယ်စားပြုသည်။ (ရှု၊ rc://*/ta/man/translate/figs-metonymy)

သူတို့မျက်နှာအနေအထားသည် သူတို့တဘက်၌ သက်သေခံ၏

မာနကြီး၍ စိတ်ကြီးဝင်နေသော သူ၏မျက်နှာသည် သူတို့၏ မာနများကို သက်သေခံနေပါသည်။ အခြားသောဘာသာပြန်ဆိုချက်၊ "မာနကြီးသော မျက်နှာများသည် ထာဝရဘုရားအား ဆန့်ကျင်သည်ကို ပြသနေသည်" (ရှု၊ rc://*/ta/man/translate/figs-personification)

မိမိဒုစရိုက်ကိုမဝှက်၊ သောဒုံမြို့သားကဲ့သို့ ထင်ရှားစွာ ပြုကြ၏

ယုဒလူမျိုးများသည် သောဒုံမြို့သားများကဲ့သို့ မိမိအပြစ်များကို ထင်ရှားဂုဏ်ယူစွာ လုပ်ဆောင်ကြသည်။ အခြားသောဘာသာပြန်ဆိုချက်၊ "သောဒုံမြို့သားများကဲ့သို့ သူတို့အပြစ်များကို ပြောဆိုပြီး သူတို့အားလူတိုင်းသိကြသည်" (ရှု၊ rc://*/ta/man/translate/figs-simile)

မကောင်းသောကျိုးကို မိမိတို့၌ ဆပ်ပေးကြပြီ

ကပ်ဘေးသည် ရောက်လာနေသော်လည်း ထိုအရာများရောက်လာစေရန် လူများသည် လုပ်ဆောင်ပြီးဖြစ်နေသည်။ မကောင်းသောဘေးများရောက်လာရန် မိမိကိုယ်ကိုလုပ်ဆောင်နေသည်။ အခြားသောဘာသာပြန်ဆိုချက်၊ "မကောင်းသော ကပ်ဘေးများကို မိမိတို့၌ ဖြစ်ပွားစေပြီ" (ရှု၊ rc://*/ta/man/translate/figs-simile)