my_tn/isa/02/17.md

4.7 KiB
Raw Permalink Blame History

ယေဘုယျအချက်အလက်

ဟေရှာယသည် ယုဒလူများအား ကဗျာလင်္ကာဆန်စွာ ဆက်လက်စကားပြောနေသည်။ သူသည် ထာဝရဘုရား၏ နေ့ရက်များ၌ ဖြစ်ပွားမည့်အရာများကို ဆက်လက်ဖော်ပြနေသည်။ (၂:၁၂) (ရှု၊ rc://*/ta/man/translate/figs-parallelism)

ထိုကာလ၌ လူတို့၏မာနကို ရှုတ်ချ၍

ကတ္တားဝါကျဖြင့် ပြန်ဆိုနိုင်သည်။ အခြားသောဘာသာပြန်ဆိုချက်၊ "သူသည်မာနကြီးသော လူတိုင်းကို နှိမ့်ချလိမ့်မည်" သို့မဟုတ် "မာနကြီးသောသူများကို အရှက်ရစေလိမ့်မည်" (ရှု၊ rc://*/ta/man/translate/figs-activepassive)

လူတို့၏ စိတ်မြင့်သောသဘောကိုနှိမ့်ရမည်

"မောက်မာသော"သည် နာမဝိသေသနဖြစ်သည်။ အခြားသောဘာသာပြန်ဆိုချက်၊ "မောက်မာနေသော လူများ၏ စိတ်မှ မောက်မာခြင်းများကို ရပ်တန့်စေမည်" (ရှု၊ rc://*/ta/man/translate/figs-abstractnouns)

ထာဝရဘုရားတစ်ပါးတည်းသာ ချီးမြှောက်ခြင်းသို့ ရောက်လိမ့်မည်

ကတ္တားဝါကျဖြင့် ပြန်ဆိုနိုင်သည်။ အခြားသောဘာသာပြန်ဆိုချက်၊ "လူများအားလုံး ထာဝရဘုရားတစ်ပါးတည်းကိုသာ ချီးမြှောက်ကြလိမ့်မည်" (၂:၉ ၌မည်ကဲ့သို့ ဘာသာပြန်သည်ကိုကြည့်ပါ) (ရှု၊ rc://*/ta/man/translate/figs-activepassive)

ရုပ်တုဆင်းတုတို့သည် ရှင်းရှင်းကွယ်ပျောက်ကြလိမ့်မည်

"ရုပ်တုဆင်းတုများအားလုံး ပျောက်ကွယ်သွားလိမ့်မည်" (UDB) "ထိုနေရာ၌ ရုပ်တုဆင်းတုများရှိတော့မည်မဟုတ်"

ထာဝရဘုရား၏ ဘုန်းတန်ခိုးအရှိန်ကြောင့်လူများကြောက်ရွံ့ကြလိမ့်မည်

အခြားသောဘာသာပြန်ဆိုချက်၊ "ထာဝရဘုရား၏ ဘုန်းအာနုအရှိန်မှ လူများပုန်းကွယ်ကြလိမ့်မည်" (ရှု၊ rc://*/ta/man/translate/figs-explicit)

ကျောက်တွင်းဂူများ

ကြီးမားသော ကျောက်ဂူကြီးများဖြစ်သည်။ လက်ထဲ၌ ကိုင်ထား၍ ရသောသေးငယ်သည့် ကျောက်များမဟုတ်ပါ။

ထာဝရဘုရား၏ တန်ခိုးအာနုဘော်နှင့် ထာဝရဘုရားအားကြောက်ရွံ့ခြင်း

(၂:၉) အတိုင်း ဘာသာပြန်ပါ။

ထာဝရဘုရားအားကြောက်ရွံ့ခြင်းမှာ

သူတို့သည် ထာဝရဘုရားအား အလွန်ကြောက်ရွံ့ကြသောကြောင့်ဖြစ်သည်။

သူ၏ ဘုန်းအာနုဘော်

ဤနေရာတွင် "ဘုန်းအရှိန်အဝါ"သည် "ခန့်ညားထည်ဝါခြင်း" ကိုဖော်ပြသည်။ အခြားသောဘာသာပြန်ဆိုချက်၊ "ဘုရင်ကဲ့သို့ဂုဏ်အသေရေရှိခြင်း" (ရှု၊ rc://*/ta/man/translate/figs-hendiadys)

ထာဝရဘုရားသည် မြေကြီးကိုချောက် လှန့်အံ့ သောငှါ ထတော်မူသောအခါ

ထာဝရဘုရားသည် လူများအားစီရင်သောအခါ မြေတပြင်လုံးရှိလူများတို့က ကြောက်ရွံကြသည်။