my_tn/isa/02/14.md

3.5 KiB

ယေဘုယျအချက်အလက်

ဟေရှာယသည် ယုဒလူများအား ကဗျာလင်္ကာဆန်စွာ ဆက်လက်စကားပြောနေသည်။ သူသည် ထာဝရဘုရား၏ နေ့ရက်များ၌ ဖြစ်ပွားမည့်အရာများကို ဆက်လက်ဖော်ပြနေသည်။ (၂:၁၂) (ရှု၊ rc://*/ta/man/translate/figs-parallelism)

ဆန့်ကျင်သော

ဟေရှာယသည်ထာဝရဘုရားဖျက်ဆီးမည့် အရာများကို ဖော်ပြနေသည်။ ဆိုလိုချက် (၁) မာနကြီးသော သူများကို ထာဝရဘုရားနှိမ့်ချလိမ့်မည်ဟု ဆိုလိုပါသည်။ ဆိုလိုချက် (၂) ထာဝရဘုရားသည် မှတ်သားထားသောသူများကို အမှန်ပင်ဖျက်ဆီးလိမ့်မည်ဖြစ်သည်။

တောင်များ......တောင်ပို့များ

ဤစကားစုသည် အစ္စရေးလူမျိုး မာနကြီးသူများကို ခေါ်သည်။ (၂:၁) (ရှု၊ rc://*/ta/man/translate/figs-metaphor)

မြင့်သောတောင်၊ တောင်ပို့

အခြားသောဘာသာပြန်ဆိုချက်၊ "အလွန့်မြင့်သောအရာ" (ရှု၊ rc://*/ta/man/translate/figs-idiom)

မြင့်သောရဲတိုက်ရှိသမျှကိုလည်းကောင်း ....... ခိုင်ခံ့သောမြို့ရိုးရှိသမျှတို့ကိုလည်းကောင်း

လူများသည် ရန်သူများမဝင်ရောက်လာနိုင်ရန် သူတို့၏ မြို့များကို မြင့်မားသော မြို့ရိုးများတည်ဆောက်ခြင်းကို ဆိုလိုပါသည်။ လူမျိုးတော်၏ မာနနှင့်ယုံကြည်ချက်မှာ သူတို့သည် ထာဝရဘုရားကို မလိုအပ်ဘဲ မည်သည့်ပြစ်ဒဏ်၊ အပြစ်ပေးခြင်းမဆို ခုခံနိုင်သည်၊ ရပ်တည်နိုင်သည် ဟုဖြစ်သည်။ (ရှု၊ rc://*/ta/man/translate/figs-metaphor)

ခိုင်ခံ့သောမြို့ရိုး

"မည်သည့်အရာကမျှ ချိုးဖျက်ခြင်းမပြုနိုင်သောနံရံ"

တာရှုသင်္ဘောအပေါင်းတို့ကို၎င်း၊ နှစ်သက် ဘွယ်သော ရူပါရုံ အလုံးစုံ

ဤအရာသည် များစွာသောလူများကို သယ်ဆောင်သောသင်္ဘောက ပင်လယ်ထဲမှာခရီးသွားပြီး မြို့များသို့သယ်ယူသွားကြောင်း ရည်ညွှန်းသည်။

တာရှုသင်္ဘောများ

တာရှုမြို့သို့သွားသောသင်္ဘောများ