my_tn/isa/02/12.md

2.9 KiB

ယေဘုယျအချက်အလက်

ဟေရှာယသည် ယုဒလူမျိုးများအား ကဗျာလင်္ကာကဲ့သို့ စကားပြောနေသည်။ (ရှု၊ rc://*/ta/man/translate/figs-parallelism)

ကြီးမြင့်သောအရာနှင့် မိုမောက်သောအရာ

လူတစ်ယောက်သည် မိမိကိုယ်ကို သူတစ်ပါးထက်သာ၍ ကြီးမြတ်သည်ဟု ခံယူသည်။ အခြားသောဘာသာပြန်ဆိုချက်၊ " အခြားသူထက်မိမိ ပို၍ကြီးမြတ်သူ၊ မြင့်မြတ်သူဟု ခံယူသူ" သို့မဟုတ် "သူများထက် မိမိပို၍ တော်သည်ဟုတွေးထင်သူ" (ရှု၊ [[rc:///ta/man/translate/figs-activepassive]] နှင့် [[rc:///ta/man/translate/figs-metaphor]])

မို့မောက်သောအရာ

လူတစ်ယောက်သည် အခြားသူများထက်သူသည် ပို၍သာလွန်ထူးကဲသည်ဟု မှတ်ယူလျင် စိတ်ကြီးဝင်နေသူဖြစ်သည်။ ဤစကားစုနှစ်ခုသည် အဓိပ္ပာယ်တူညီ၍ ထာဝရဘုရားသည် ထိုသူတို့အား အပြစ်ပေးလိမ့်မည်ဟု ဆိုလိုပါသည်။ (ရှု၊ rc://*/ta/man/translate/figs-doublet)

သူတို့သည် နှိမ့်ချခြင်းရှိကြလိမ့်မည်

မာနကြီးသူများအားလုံးနှိမ့်ချခြင်းရှိခံရလိမ့်မည်။ အခြားသောဘာသာပြန်ဆိုချက်၊ "ထာဝရဘုရားကိုယ်တိုင် သူတို့ကို နှိမ့်ချလိမ့်မည်" (ရှု၊ rc://*/ta/man/translate/figs-activepassive)

ကြီးမြင့်သော လေဗနုန်အာရဇ်ပင် ရှိသမျှကို၎င်း

ထာဝရဘုရား၏ နေ့ရက်သည် မြင့်သောအပင်များကို ဆန့်ကျင်ပြိုလဲလိမ့်မည်။ ဆိုလိုချက်မှာ (၁) မြင့်သောအပင်များကဲ့သို့ စိတ်မြင့်မာနကြီးသူများကို ထာဝရဘုရားမှ စီရင်လိမ့်မည်။ (၂) ထာဝရဘုရားသည် အမှန်ပင် ဖျက်ဆီးလိမ့်မည်။ (ရှု၊ rc://*/ta/man/translate/figs-metaphor)