my_tn/isa/02/03.md

3.7 KiB

ယေဘုယျအချက်အလက်

ဟေရှာယသည် ယုဒပြည်ရှိလူများအား ဘုရားသခင်၏ စကားတော်ကို ကဗျာလင်္ကာကဲ့သို့ပြောနေသည်။ (ရှု၊ rc://*/ta/man/translate/figs-parallelism)

ယာကုပ်အမျိုး၏ ဘုရား သခင့်အိမ်တော်သို့ တက်သွားကြကုန်အံ့။ လမ်းခရီးတော် တို့ကို ပြသသွန်သင်တော်မူ၍၊ ငါတို့သည် ခြေတော်ရာသို့ လိုက်သွားကြမည်ဟု ခရီးသွားလျက် ပြောဆိုကြလိမ့်မည်

"လမ်းခရီးတော်"နှင့် "ခြေရာတော်" ဟူသည်မှာ ပုဂ္ဂိုလ်တော်၏ အသက်ရှင်ခြင်းလမ်းကို ဆိုလိုပါသည်။ အခြားသောဘာသာပြန်ဆိုချက်၊ "သူသည် ကျွန်ုပ်တို့ကို သူ့အလိုကို သွင်သင်၍ နာခံလိုက်လျှောက်လိမ့်မည်" (ရှု၊ [[rc:///ta/man/translate/figs-parallelism]] နှင့် [[rc:///ta/man/translate/figs-metaphor]])

တရားတော်သည် ဇိအုန်တောင်မှ ၎င်းထာဝရဘုရား၏ နှုတ်ကပတ်သည် ယေရုရှလင်မြို့မှလည်းကောင်း

ဤစကားစုသည် အဓိပ္ပာယ်တူညီသည်။ ပြည်သားများအားလုံးသည် စစ်မှန်သော သမ္မာတရားကို ယေရုရှလင်၌ တွေ့၍ နားလည်သဘောပေါက်မည်ဟု ဟေရှာယအထူးပြု ပြောဆိုထားသည်။ အခြားသောဘာသာပြန်ဆိုချက်၊ "ဇိအုန်၌ ရှိသောလူများသည် တရားတော်ကို သွန်သင်ပေးလိမ့်မည်။ ယေရုရှလင်၌ ရှိသောလူများသည် ထာဝရဘုရား၏ စကားတော်ကို သွန်သင်ပေးလိမ့်မည် ဖြစ်သည်" (ရှု၊ rc://*/ta/man/translate/figs-parallelism)

နှုတ်ကပတ်တော်သည် ယေရုရှလင်မှ၎င်း

နှုတ်ကပတ်တော်သည် ယေရုရှလင်မြို့မှ၎င်း ပေါ်ထွက်လိမ့်မည်။ "လူ၏ လှုပ်ရှားလုပ်ဆောင်မှုမပါဘဲ ရွေ့လျားသောမြစ်ကဲ့သို့ ထာဝရဘုရား၏ စကားတော်ဖြစ်လိမ့်မည်" ဟု ဟေရှာယပြောသည်။ အခြားသောဘာသာပြန်ဆိုချက်၊ "သူတို့ကို သွန်သင်သောနှုတ်ကပတ်တော်သည် ယေရုရှလင်မှ ထွက်ပေါ်လာလိမ့်မည်" သို့မဟုတ် "ထာဝရဘုရားသည် ယေရုရှလင်မှ သူ၏စကားတော်ကို မိန့်မြွက်လိမ့်မည်" (ရှု၊ [[rc:///ta/man/translate/figs-metaphor]] နှင့် [[rc:///ta/man/translate/figs-ellipsis]])