my_tn/isa/01/16.md

3.5 KiB

ယေဘုယျအချက်အလက်

ဟေရှာယသည် ယုဒလူတို့အား ထာဝရဘုရား၏ ဗျာဒိတ်တော်ကို ကဗျာလင်္ကာကဲ့သို့ ပြောနေသည်။ (ရှု၊ rc://*/ta/man/translate/figs-parallelism)

ကိုယ်ကိုကိုယ်ဆေးကြောကြလော့။ စင်ကြယ်ကြလော့

လူတစ်ဦးသည် မိမိခန္ဓာကိုယ်အားဆေးကြောသန့်စင်သကဲ့သို့အပြစ်ပြုလုပ်ခြင်းများ ရပ်ဆိုင်းရန် ဘုရားသခင်ပြောဆိုပါသည်။ အခြားသောဘာသာပြန်ဆိုချက်၊ "ခန္ဓာကိုယ်အညစ်အကြေးများကို ဆေးကြောသန့်စင်သကဲ့သို့ နှလုံးသားမှ အပြစ်များကို ဆေးကြောသန့်စင်ရန်" (ရှု၊ rc://*/ta/man/translate/figs-metaphor)

သင်တို့ ဒုစရိုက်များကို ငါ့မျက်မှောက်မှ ပယ်ရှားကြလော့

ဘုရားသခင်သည် မကောင်းမှု ဒုစရိုက်များကို ပြုလုပ်ရန် ပြောဆိုခြင်းမပြုပဲ လုပ်ဆောင်မှုများကို ရပ်တန့်ရန်ပြောဆိုခဲ့သည်။ အခြားသောဘာသာပြန်ဆိုချက်၊ "သင့်ကို ငါကြည့်ရှုနေ၍ မကောင်းမှုပြုခြင်းများကို ရပ်တန့်လော့" (ရှု၊ rc://*/ta/man/translate/figs-metaphor)

ကောင်းသောအကျင့်ကို ကျင့်အံ့သောငှာသင်ကြလော့

ဘုရားသခင်မှ လူမျိုးတော်အားမတရားသဖြင့်ပြုခြင်းအရာများထက် တရားသောအရာကို လေ့ကျင့်သင်ယူရန်နှင့် ဖြောင့်မတ်သောအရာကို ပြုလုပ်ရန် ခေါ်ဆိုခဲ့သည်။ အခြားသောဘာသာပြန်ဆိုချက်၊ "မျှော်လင့်ရာမဲ့သူများ၊ နာကျင်ဝမ်းနည်းသောသူများနှင့် မကောင်းသောအမှုများခံစားနေရသူများအတွက် ရပ်တည်ဆောင်ရွက်ပေးရန်" (ရှု၊ [[rc:///ta/man/translate/figs-metaphor]] နှင့် [[rc:///ta/man/translate/figs-abstractnouns]])

တရားသဖြင့်ပြုခြင်းငှာ ကြံကြလော့

မိဘမရှိသော ကလေးသူငယ်များအတွက် တရားမျှတမှုကို ဆောင်ရွက်ပေးရန်

မုဆိုးမတို့၏ အမှုကို စောင့်ကြလော့

ခင်ပွန်းဆုံးပါးသွားသော အမျိုးသမီးများကို ကာကွယ်ပေးရန်