my_tn/isa/01/14.md

2.8 KiB

ယေဘုယျအချက်အလက်

ဟေရှာယသည် ယုဒလူများထံသို့ ထာဝရဘုရား၏ နှုတ်ကပတ်တော်ကို ကဗျာလင်္ကာကဲ့သို့ ပြောနေသည်။ (ရှု၊ rc://*/ta/man/translate/figs-parallelism)

ငါ့ဝိညာဉ်သည် သင်တို့လဆန်းနေ့များနှင့် သင်တို့ပွဲများကိုမုန်း၏

လဆန်းနေ့များ လဆန်းနေ့တွင် ကျင်းပသောပွဲများကိုဆိုလိုသည်။ ထိုပွဲများသည် ပုံမှန်ပြုလုပ်သောပွဲများဖြစ်သည်။ အခြားသောဘာသာပြန်ဆိုချက်၊ "သင်တို့၏ ပုံမှန်လုပ်နေကျပွဲတော်များနှင့် လဆန်းနေ့ပြုလုပ်သောပွဲများ" (ရှု၊ [[rc:///ta/man/translate/figs-metonymy]] နှင့် [[rc:///ta/man/translate/figs-synecdoche]])

လဆန်း

လဆန်းနေ့ဟူသည် လကွယ်(အမှောင်) ပြီးနောက်အလင်းရောင်စထွက်လာချိန်ဖြစ်သည်

ငါ့ကိုနှောက်ရှက်စရာဖြစ်၏။ သည်းခံခြင်းအားဖြင့်ငါပင်ပန်း၏

လူတွေလုပ်ဆောင်နေသော ကြီးမားသောပွဲတော်များကြောင့် ဘုရားသခင်မည်သို့ခံစားနေရသည်ကို နှိုင်းယှဉ်ဖော်ပြထားသည်။ အခြားသောဘာသာပြန်ဆိုချက်၊ "သင်တို့တင်သောဝန်တွေကြောင့် ငါသည် မောပန်းလျက်ရှိ၏" (ရှု၊ rc://*/ta/man/translate/figs-metaphor)

ငါသည်မျက်စိကိုလွှဲမည်

ဤအသုံးအနှုန်းသည် "ငါသည်သင့်ကို ကြည့်ရှုမည်မဟုတ်" သို့မဟုတ် "ငါ့ရဲ့အာရုံစိုက်ကြည့်ရှုခြင်းကို ပြုတော့မည်မဟုတ်" ဟုပြောဆိုခြင်းဖြစ်သည်။ (ရှု၊ rc://*/ta/man/translate/figs-idiom)

သင်တို့၏ လက်တို့သည် အသွေးနှင့်ပြည့်ကြ၏

သင်တို့လက်များသည် သွေးနှင့်ပြည့်ကြ၏။