my_tn/isa/01/12.md

2.5 KiB

ယေဘုယျအချက်အလက်၊

ဟေရှာယသည် ယုဒလူများကို ကဗျာလင်္ကာကဲ့သို့ ပြောဆိုနေသည်။ (ရှု၊ rc://*/ta/man/translate/figs-parallelism)

ငါ့တံတိုင်းတော်ကို ကျော်နင်းသော သင်တို့၌ ထိုသို့သော ဝတ်ကို အဘယ်သူတောင်းသနည်း

ခြေဖဝါးအောက်တွင် နင်းချေသည် ဟုဆိုလိုပါသည်။ ယုဒပြည်ရှိလူများကို မေးခွန်းမေးခြင်းအားဖြင့် ဘုရားသခင် ဆူပူနေပါသည်။ အခြားသောဘာသာပြန်ဆိုချက်၊ "ငါ့တံတိုင်းတော်ပတ်လည်တွင် အဘယ်သူကျော်နင်းရန် တောင်းဆိုသနည်း" (ရှု၊ rc://*/ta/man/translate/figs-rquestion)

အချည်းအနှီးသော ပူဇော်သက္ကာကို နောက်တစ်ဖန်မဆောင်ခဲ့ကြနှင့်

အချည်းနှီးသော လက်ဆောင်များကို နောက်တစ်ဖန်မယူဆောင်လာနှင့်။

သင်တို့နံ့သာပေါင်း မီးရှို့ရာကို ငါရွံရှာ၏

ဤနေရာတွင် စက်ဆုပ်ရွံရှာခြင်းဟူသည် မုန်းတီးခြင်းကို ဖော်ပြပါသည်။ အခြားသောဘာသာပြန်ဆိုချက်၊ "ယဇ်ပရောဟိတ်များ ပူဇော်သောနံ့သာပေါင်းကို ငါရွံရှာမုန်းတီး၏" (ရှု၊ rc://*/ta/man/translate/figs-abstractnouns)

ဓမ္မစည်းဝေးခြင်းတို့ကို သည်းမခံနိုင်

ဆိုလိုချက် (၁) "အတူတကွ ဆိုးညစ်မှုပြုနေခြင်းများကို ခွင့်မပြုနိုင်" ဆိုလိုချက် (၂) "သင်တို့ ဆိုးညစ်မှုအတူ ပြုလုပ်နေခြင်းကို ငါသည် ကြည့်ရှုခြင်းမပြုနိုင်"