my_tn/isa/01/07.md

4.4 KiB

ယေဘုယျအချက်အလက်

ဟေရှာယသည် ယုဒပြည်ရှိလူများအား ကဗျာလင်္ကာကဲ့သို့ စကားပြောနေသည်။ (ရှု၊ rc://*/ta/man/translate/figs-parallelism)

သင်တို့ပြည်သည် လူဆိတ်ညံလျက်ရှိ၏

အပြင်သရုပ်သဏ္ဌာန်ကဲ့သို့ ဖော်ပြသည်။ အခြားသောဘာသာပြန်ဆိုချက်၊ "သူတို့တိုင်းပြည်သည် ပျက်စီးပြီ" သို့မဟုတ် "သင်၏ရန်သူများက သင်၏တိုင်းပြည်ကို ဖျက်ဆီးပြီ" (ရှု၊ rc://*/ta/man/translate/figs-activepassive)

သင်၏မြို့များမီးလောင်ကျွမ်းပြီ

ကတ္တားဝါကျဖြင့် ပြန်ဆိုနိုင်သည်။ အခြားသောဘာသာပြန်ဆိုချက်၊ "သူတို့မြို့များသည် မီးလောင်ကျွမ်းပြီး" (ရှု၊ rc://*/ta/man/translate/figs-activepassive)

သင်တို့မြေကိုလည်းတစ်ကျွန်းတစ်နိုင်ငံသားတို့သည် သင်တို့မျက်မှောက်၌စားကြ၏

သင်၏ရှေ့မှာပင် သင်၏လယ်မြေမှ အသီးအနှံများကို သင်၏တိုင်းပြည်မှမဟုတ်သော သူများကလုယက်ကြပြီ။

ရန်သူဖျက်ပြီးသကဲ့သို့ လူဆိတ်ညံလျက်ရှိ၏

ရန်သူဖျက်ဆီးခြင်းခံ၍ ဖွတ်ဖွတ်ညက်ညက်ကြေလျက်ရှိ၏။ အခြားသောဘာသာပြန်ဆိုချက်၊ "ပြည်သည်ဖျက်ဆီးခံရ၍ ထိုနေရာ၌ အသက်ရှင်သောသူမရှိ" (ရှု၊ rc://*/ta/man/translate/figs-abstractnouns)

ရန်သူများဖျက်ဆီးပြီး

ကတ္တားဝါကျဖြင့် ပြန်ဆိုနိုင်သည်။ အခြားသောဘာသာပြန်ဆိုချက်၊ "ရန်သူများသင်၏တိုင်းပြည်ကို ဖျက်ဆီးပြီ" သို့မဟုတ် "တစ်ပါးအမျိုးသားစစ်တပ်များမှ ၎င်းတို့ကိုအပြည့်အဝသိမ်းပိုက်လေပြီ" (ရှု၊ rc://*/ta/man/translate/figs-activepassive)

ဇီအုန် သတို့သမီးသည်လည်း ကျန်ရစ်လေပြီ

ကတ္တားဝါကျဖြင့် ပြန်ဆိုနိုင်သည်။ အခြားသောဘာသာပြန်ဆိုချက်၊ "ငါသည် ဇီအုန်သတို့သမီးကို စွန့်ခဲ့ပြီ" (ရှု၊ rc://*/ta/man/translate/figs-activepassive)

စပျစ်ဥယျာဉ်ထဲ၌ တဲကဲသို့၎င်း၊ သခွားတောင်ယာ၌ လင့်စင်ကဲ့သို့၎င်း

ဆိုလိုချက်(၁) "စပျစ်ဥယျာဉ်ထဲ၌ ရှိသောတဲသည် ပို၍သေးငယ်လာသကဲ့သို့" သို့မဟုတ် "သခွားတောင်ယာ၌ လင့်စင်ကဲ့သို့" (ရှု၊ UDB) ဆိုလိုချက်(၂) "အမှုပြီးသောအခါသခွားတောင်ယာရှိလင့်စင်ကို စွန့်ခွာသကဲ့သို့" (ရှု၊ [[rc:///ta/man/translate/figs-simile]] and [[rc:///ta/man/translate/figs-explicit]])

သခွားတောင်ယာ၌ လင့်စင်ကဲ့သို့၎င်း၊ ရန်သူဝိုင်းသောမြို့ကဲ့သို့ ၎င်းကျန်ရစ်လေ၏

သူမကို ရန်သူများဝန်းရံထားသည်။