my_tn/isa/01/04.md

3.3 KiB

ယေဘုယျအချက်အလက်

ဟေရှာယသည် ယုဒပြည်သားများအား ကဗျာလင်္ကာကဲ့သို့ စကားပြောနေသည်။

ဆိုးယုတ်သောအမျိုး၊ ဒုစရိုက်ဝန်ကို ထမ်းရွက်သောလူစု

ဆိုလိုချက် (၁) ယေရှာယသည် သူတို့အကြောင်းကို ခြားနားချက်နှစ်မျိုးဖြင့် ပြောနေပါသည်။ အခြားသောဘာသာပြန်ဆိုချက်၊ "အစ္စရေးပြည်သားများ၊ ဆိုးယုတ်သောသူများ" သို့မဟုတ် ဆိုလိုချက် (၂) သူသည် သူတို့၏ ဆိုးညစ်မှုများကို ဖော်ပြနေသည်။ အခြားသောဘာသာပြန်ဆိုချက်၊ "ဆိုးယုတ်သောနိုင်ငံသားများတို့"

ဒုစရိုက်ဝန်ကိုထမ်းရွက်သောလူစု

ကြီးလေးစွာသော ဒုစရိုက်ဝန်ကို ထမ်းရွက်နေသော လူတစ်စု ဖြစ်ပါသည်။ အခြားသောဘာသာပြန်ဆိုချက်၊ "သူတို့အပြစ်သည် လေးလံသော အိတ်ကဲ့သို့ ပုခုံးပေါ်သယ်ပိုးထားပြီး ထိုအပြစ်က သူတို့အား လျှောက်လှမ်းရန် အခက်တွေ့စေသည်" (ရှု၊ rc://*/ta/man/translate/figs-metaphor)

မတရားသဖြင့်ပြုသောအနွယ်

မကောင်းသောအရာကို သားစဉ်မြေးဆက်ပြုလုပ်ခဲ့သောအမျိုးအနွယ်။ အခြားသောဘာသာပြန်ဆိုချက် "မကောင်းသော ဒုစရိုက်ကို ထပ်တူပြန်လည်လုပ်ဆောင်ခြင်း" (ရှု၊ rc://*/ta/man/translate/figs-metaphor)

ဒုစရိုက်ပြုသည်

မကောင်းသောအရာကို ပို၍ လုပ်ဆောင်သည်။

ထာဝရဘုရားကို စွန့်ကြပြီ

ထာဝရဘုရားထံမှ ထွက်သွားကြပြီ

စက်ဆုပ်ရွံ့ရှာဖွယ်ပြုလုပ်သည်

နာခံမှုကိုငြင်းပယ်ကြပြီး လေးစားမှုကိုငြင်းပယ်ပြီး

အစ္စရေးလူမျိုးများ

ယုဒပြည်သည် အစ္စရေးနိုင်ငံ၏ ဒေသတစ်ခုဖြစ်သည်။

သူ့ထံမှ ကျောခိုင်း၍ ခွာသွားကြပြီ

တစ်ချိန်မှာ မိတ်ဆွေဖြစ်ခဲ့သော်လည်း ယခုတွင် မသိသူများကဲ့သို့ ပြုမူကြသည်။