my_tn/isa/01/02.md

4.0 KiB

ယေဘုယျအချက်အလက်

ဟေရှာယသည် ယုဒလူများအား ကဗျလင်္ကာသဏ္ဌာန်ဖြင့် စကားပြောနေသည်။

အိုကောင်းကင်ကြားလော့၊ မြေကြီးနားထောင်လော့

ဤမိန့်တော်မူချက်သည် ယုဒပြည်နှင့် ယေရုရှလင်၌ ရှိသော လူများအတွက် ဖြစ်သော်လည်း သူတို့နားထောင်မည် မဟုတ်ကြောင်းဟေရှာယသိနေသည်။ ဆိုလိုချက် (၁) ထာဝရဘုရား၏ စကားကို နားထောင်ရန် ကောင်းကင်နှင့် မြေကြီးအား ဟေရှာယ ပြောဆိုခဲ့သည်။ ဆိုလိုချက် (၂) ကောင်းကင်နှင့် မြေကြီးအပြင်အခြား ထူးခြားသော အသက်ရှင်သည့် အရာများအားလုံး အခြားသောဘာသာပြန်ဆိုချက်၊ ကောင်းကင်ဘုံ၌ အသက်ရှင်သကဲ့သို့ မြေကြီးပေါ်တွင်လည်းအသက်ရှင်သူ (ရှု၊ [[rc:///ta/man/translate/figs-apostrophe]]|Apostrophe နှင့် [[rc:///ta/man/translate/figs-personification]]|Personification နှင့် rc://*/ta/man/translate/figs-merism|Merism)

ထာဝရဘုရား

ဓမ္မဟောင်းကာလ အစ္စရေးလူမျိုးများကို ဖွင့်ပြသော ဘုရားသခင်၏ အမည်နာမဖြစ်သည်

ငါကြည့်ရှုမစသော်လည်း ငါ့ကို မသိနားမလည်ကြ

ဤစကားလုံးသည် ဟေရှာယမှ အစ္စရေးလူများကို ထာဝရဘုရားအတွက်ပြောနေသော စကားဖြစ်ပါသည်။

ငါကျွေးမွေးပြုစုသော သားသမီးတို့သည်

သူ၏ သားသမီးများဖြစ်သောအစ္စရေးလူမျိုးများအား အစာကျွေးသကဲ့သို့ဟု ထာဝရဘုရားဆိုလိုပါသည်။ အခြားသောဘာသာပြန်ဆိုချက်၊ ငါသည် ယုဒပြည်ရှိ ငါ၏လူမျိုးတော်ကို ကြည့်ရှုမည်။ (ရှု၊ rc://*/ta/man/translate/figs-metaphor|Metaphor)

မြည်းသော်လည်း မိမိသခင်၏ မြည်းဇောင်းကိုသိ၏

အခြားသောဘာသာပြန်ဆိုချက်၊ မြည်းသည် အစာကျွေးသော မိမိသခင်အား သိကျွမ်းသကဲ့သို့ (ရှု၊ rc://*/ta/man/translate/figs-ellipsis|Ellipsis)

အစ္စရေးအမျိုးသားတို့မူကားငါ့ကိုမသိကြ

ဆိုလိုချက်မှာ အစ္စရေးလူမျိုးတို့သည် ငါ့ကို မသိကြ၊ သူတို့အားကြည့်ရှု စောင့်ရှောက်နေသော ငါ့ကို နားမလည်ကြ။

အစ္စရေး

အစ္စရေးလူမျိုးများဖြစ်သည်။ ယုဒပြည်သည် အစ္စရေးနိုင်ငံ၏ ဒေသတစ်ခုဖြစ်သည်။ အခြားသောဘာသာပြန်ဆိုချက်၊ (ရှု၊ rc://*/ta/man/translate/figs-metonymy|Metonymy)