my_tn/hos/10/10.md

2.7 KiB

ယေဘုယျ အချက်အလက်

ထာ၀ရဘုရား မိန့်တော်မူသည်။

အပြစ်နှစ်ပါး

ဣသရေလ ပြုသမျှသော အပြစ်ကို ညွှန်းသည်။

ဧဖရိမ်သည် ယဉ်၍ . . . နွားမပျိုဖြစ်သော်လည်း

နွားယဉ်သည် ထမ်းပိုးမရှိလျှင်၊ လွတ်လပ်စွာ သွားလာနိုင်ရန် စပါးကို နင်းချေတတ်ကြသည်။ ဧဖရိမ်ကို လွတ်လပ်၍ အေးချမ်းသော ဘဝကို ပေးခဲ့ကြောင်း ထာ၀ရဘုရား မိန့်ဆိုသည်။ (ရှု၊ rc://*/ta/man/translate/figs-metaphor)

ငါသည် ထမ်းဘိုးကို ထမ်းစေသဖြင့်၊ ဧဖရိမ်သည် ကခြင်းကို ခံ၍

ထမ်းပိုးမှာ ဒုက္ခဆင်းရဲနှင့် ကျွန်ခံမှုကို ညွှန်းသည်။ ဣသရေလ အမျိုးအပေါ် မေတ္တာပြခဲ့သော်လည်း၊ လူတို့က ထာ၀ရဘုရား အပေါ် သစ္စာပျက်ကြသည်။ ထို့ကြောင့် ဒုက္ခဆင်းရဲ ခံစေပြီး သူတပါး၏ ကျွန်အဖြစ် နှင်ထုတ်တော်မူမည်။ (ရှု၊ rc://*/ta/man/translate/figs-metaphor)

ယုဒသည် ထွန်လျက်၊ ယာကုပ်သည်လည်း မြေစိုင်ကို ခွဲလျက် ရှိရလိမ့်မည်

"ယုဒ" မှာ တောင်ပိုင်းပြည်ကို ညွှန်းပြီး၊ "ယာကုပ်" မှာ မြောက်ပိုင်းပြည်ကို ညွှန်းသည်။ တိုင်းပြည်နှစ်ခုလုံး၌ ဘေးဒုက္ခ ဖြစ်စေမည်ဟု ဘုရားသခင် ဆိုလိုသည်။ (ရှု၊ [[rc:///ta/man/translate/figs-metaphor]] နှင့် [[rc:///ta/man/translate/figs-metonymy]])

မြေစိုင်ကို ခွဲလျက်

မူရင်းကျမ်းအရ ထွန်မွှေသည်ဟု ဆိုနိုင်သည်။ လယ်ထွန်၍ မျိုးစေ့ကြဲပြီးနောက် မြေသား ညီညာစေခြင်းကို ဆိုလိုသည်။