my_tn/hos/10/03.md

2.3 KiB

ယေဘုယျ အချက်အလက်

ဟောရှေက ဣသရေလ အကြောင်းကို ပရောဖက်ပြုသည်။

ရှင်ဘုရင် ရှိသော်လည်း၊ ငါတို့အဘို့ အဘယ်သို့ ပြုနိုင်မည်နည်း

မိမိတို့ ဘုရင်က အဘယ်သို့မျှ မပြုပေးနိုင်ဟု ဆိုလိုသည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "ရှင်ဘုရင် ရှိသော်လည်း၊ ငါတို့အဘို့ အဘယ်အရာမျှ မပြုနိုင်" (ရှု၊ rc://*/ta/man/translate/figs-rquestion)

သူတို့ ကျိန်ဆိုသော စကားသည် စကားသက်သက် ဖြစ်၍

"စကားသက်သက်" မှာ လိမ်ညာမှုကို ညွှန်းသည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "သူတို့ ကျိန်ဆိုသော စကားသည် မုသားဖြစ်၍" (ရှု၊ rc://*/ta/man/translate/figs-idiom)

တရားစီရင်ခြင်းအမှုသည် လယ်ကန်ဆည်ရိုးပေါ်မှာ ဘင်းခါးပင်ကဲ့သို့ ပေါက်ရလိမ့်မည်

လူတို့၏ တရားစီရင်မှုကို အပင်ပေါက်သကဲ့သို့ တင်စားထားသည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "သူတို့စီရင်သောအမှုမှာ တရားမျှတမှု မရှိ။ ဘေးဖြစ်စေ၏" (ရှု၊ rc://*/ta/man/translate/figs-metaphor)

လယ်ကန်ဆည်ရိုးပေါ်မှာ ဘင်းခါးပင်ကဲ့သို့

ထိုသူတို့၏ မုသားစကားနှင့် မတရားမှုမှာ အဆိပ်ပင်ကဲ့သို့ တပြည်လုံးအနှံ့ ပျံ့သွားမည်။ (ရှု၊ rc://*/ta/man/translate/figs-metaphor)