my_tn/hos/10/01.md

1.8 KiB

ယေဘုယျ အချက်အလက်

ဟောရှေက ဣသရေလ အကြောင်းကို ပရောဖက်ပြုသည်။

အသီးများစွာ သီးသော စပျစ်နွယ်ပင်

သာမန် စပျစ်နွယ်ထက် အသီးကို ပို၍သီးသည်။

ဣသရေလသည် အသီးများစွာ သီးသော စပျစ်နွယ်ပင်ဖြစ်၏။ ကိုယ်အလိုအလျောက် သီးတတ်၏

ဣသရေလကို အသီးများစွာ သီးပွင့်သော စပျစ်နွယ်ကဲ့သို့ တင်စားထားသည်။ ကောင်းစား၍ ခွန်အားရှိကြောင်း ဆိုလိုသည်။ (ရှု၊ rc://*/ta/man/translate/figs-metaphor)

အသီး တိုးပွားသည်အတိုင်း . . . သူတို့ပြည် ကောင်းသည်အတိုင်း

လူတို့ ခွန်အားကြီးကာ ကြီးပွားလာသည်နှင့်အမျှဟူ၍ အကြောင်းအရာ တခုတည်းကို ဆိုလိုသည်။

သူတို့၌ စိတ်နှစ်ခွရှိ၏

"စိတ်" မှာ အတွင်းလူကို ညွှန်းသည်။ "သူတို့သည် လှည့်ဖျားတတ်၏" (ရှု၊ rc://*/ta/man/translate/figs-synecdoche)

ချက်ခြင်း အပြစ်ဒဏ်ကို ခံရကြမည်

"ထိုအပြစ်ဒဏ်ကို ယခု ခံရကြမည်" (ရှု၊ rc://*/ta/man/translate/figs-idiom)