my_tn/hos/06/04.md

2.3 KiB

ဆက်စပ်မှု ဖော်ပြချက်

ထာဝရဘုရား မိန့်တော်မူသည်။

သင်၌ အဘယ်သို့ ငါပြုရမည်နည်း။

ဘုရားသခင်၌ သည်းခံစိတ် ကုန်ဆုံးပြီဖြစ်ကြောင်း ထင်ရှားစေရန် မေးလိုက်ခြင်း ဖြစ်သည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "သင်၌ ပြုရမည့်အမှုမှာ ခက်လှပေပြီ" (ရှု၊ rc://*/ta/man/translate/figs-rquestion)

ထိုကြောင့် သူတို့ကို ပရောဖက်များအားဖြင့် ငါသည် အပိုင်းပိုင်း ခုတ်ဖြတ်ရပြီ။

ပုန်ကန်တတ်သော လူမျိုးထံ မိမိပရောဖက်များ စေလွှတ်၍ ဖျက်ဆီးခြင်းခံရမည်အကြောင်း မိန့်မှာခဲ့သည်။ ဖျက်ဆီးခြင်းကို "အပိုင်းပိုင်း ခုတ်ဖြတ်ခြင်း" ဖြင့် တင်စားထားသည်။ (ရှု၊ rc://*/ta/man/translate/figs-metaphor)

ငါ့စီရင်ချက်တို့သည်လည်း ထွန်းလင်းသော အလင်းကဲ့သို့ ဖြစ်ကြပြီ။

ဘုရားသခင်၏ တရားစီရင်ချက်မှာ အားပြင်းသော မိုးကြိုးကဲ့သို့ ဖြစ်ကြောင်း ဆိုလိုခြင်း ဖြစ်ပေမည် (UDB ကို ရှု)။ သို့မဟုတ်၊ ဘုရားသခင် တရားစီရင်ချက်မှာ ကွယ်နေသောအရာကို ထင်ရှားစေသော အလင်းကဲ့သို့ ဖြစ်ကြောင်း ဆိုလိုခြင်းလည်း ဖြစ်နိုင်သည်။ (ရှု၊ rc://*/ta/man/translate/figs-simile)

ငါ့စီရင်ချက်တို့

"ထာဝရဘုရား၏ စီရင်ချက်များ"