my_tn/hos/05/14.md

2.8 KiB

ယေဘုယျ အချက်အလက်

ယုဒပြည်နှင့် ဣသရေလပြည် အကြောင်းကို ထာဝရဘုရား မိန့်ဆိုသည်။

အကြောင်းမူကား၊ ငါသည် ဧဖရိမ်၌ ခြင်္သေ့ကဲ့သို့၎င်း

ထာဝရဘုရားက ခြင်္သေ့ကဲ့သို့ ဧဖရိမ်ကို တိုက်ခိုက်မည်။ (ရှု၊ rc://*/ta/man/translate/figs-simile)

ယုဒအမျိုး၌ ခြင်္သေ့ပျိုကဲ့သို့၎င်း ဖြစ်မည်

အထက်ပါ စာပိုဒ်နှင့် အနက်ချင်း တူညီသည်။ မြောက်ပိုင်းနှင့် တောင်ပိုင်းပြည် နှစ်ခုလုံးအပေါ် ယဝေးဘုရား၏ စိတ်တော် မတွေ့မှုကို ခြင်္သေ့ဖြင့် ခိုင်းနှိုင်းထားသည်။ (ရှု၊ rc://*/ta/man/translate/figs-simile)

ငါသည် ကိုယ်တိုင်

မိမိလူတို့အပေါ် ထာဝရဘုရား ကိုယ်တော်တိုင် တရားစီရင်မည်ဖြစ်ကြောင်း ဆိုလိုသည်။

ကိုက်ဖြတ်၍

ထာဝရဘုရားက မိမိလူတို့အား မိမိတို့ အိုးအိမ်နှင့်တိုင်းပြည်မှ ဖြတ်ထုတ်မည်ဖြစ်ကြောင်း၊ သားကောင်၏ အသားကို ခြင်္သေ့ ကိုက်ဖြတ်သကဲ့သို့ တင်စားထားသည်။ (ရှု၊ rc://*/ta/man/translate/figs-metaphor)

ငါ့မျက်နှာကို မရှာမှီတိုင်အောင်

ဘုရားသခင်ကို ကိုးကွယ်၍ ပူဇော်ခြင်းအမှုကို ဘုရားသခင်၏ မျက်မှောက်တော်ကို ရှာဖွေခြင်းဖြင့် တင်စားထားသည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "သူတို့အား နားညောင်းရန် မတောင်းမီတိုင်အောင်" (ရှု၊ rc://*/ta/man/translate/figs-metaphor)

ငါသည် ကိုယ်နေရာသို့ ပြန်သွား၍ နေမည်

ထာဝရဘုရားက ပုန်ကန်တတ်သော မိမိလူတို့ကို စွန့်ခွာမည်။