my_tn/hos/05/10.md

2.8 KiB

ယေဘုယျ အချက်အလက်

ယုဒပြည်နှင့် ဣသရေလပြည် အကြောင်းကို ထာဝရဘုရား မိန့်ဆိုသည်။

ယုဒမင်းတို့သည် မြေမှတ်တိုင်တို့ကို ရွှေ့သောသူကဲ့သို့ ဖြစ်ကြ၏

"မြေမှတ်တိုင်တို့ကိုရွှေ့ခြင်း" ဟူရာတွင် ပိုင်ဆိုင်သော မြေနေရာ ခြံစည်းရိုးကို ခွင့်ပြုချက်မရှိဘဲ ရွှေ့ပြောင်းခြင်း ဖြစ်ပြီး၊ ဣသရေလ ဥပဒေအရ ပြစ်မှုတခု ဖြစ်သည်။ (ရှု၊ rc://*/ta/man/translate/figs-simile)

ငါသည် သူတို့အပေါ်သို့ ငါ့အမျက်ကို ရေကဲ့သို့ သွန်းလောင်းမည်။

မြစ်ချောင်းကဲ့သို့ အမျက်ဒေါသကို သွန်းချ၍ ယုဒပြည်ကို ဖျက်ဆီးမည်ဟု ဆိုလိုသည်။ ကျမ်းစာထဲတွင်၊ စိတ်ခံစားချက်နှင့် ဘုန်းတန်ခိုး စသည်တို့ကို ရေဖြင့် တင်စားလေ့ရှိသည်။ (ရှု၊ rc://*/ta/man/translate/figs-metaphor)

ဧဖရိမ်သည် ညှဉ်းဆဲခြင်းကို ခံရ၏။ တရားစီရင်ခြင်းနှင့် တွေ့၍ ဆုံးရှုံးရ၏။

အပြုသဘောဖြင့် ဖော်ပြနိုင်သည်။ ဆိုလိုရင်း ထင်ရှားစေရန် နှစ်ကြိမ် ဖော်ပြထားသည်။ "ဧဖရိမ်" မှာ မြောက်ပိုင်း ဣသရေလပြည်သားတို့ကို ကိုယ်စားပြုသည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "ဣသရေလပြည်သားတို့အား ပြင်းထန်စွာ ငါစီရင်မည်" (ရှု၊ [[rc:///ta/man/translate/figs-parallelism]] နှင့် [[rc:///ta/man/translate/figs-metonymy]] နှင့် rc://*/ta/man/translate/figs-activepassive)

အမိန့်တော်အတိုင်း ကျင့်လေပြီ

အထက်၌ ဖော်ပြထားသည်အတိုင်း ရုပ်တုကိုးကွယ်ခြင်းကို ညွှန်းသည်။ (ရှု၊ rc://*/ta/man/translate/figs-metaphor)