my_tn/hos/05/08.md

2.2 KiB

ယေဘုယျ အချက်အလက်

ဣသရေလပြည်အကြောင်းကို ထာဝရဘုရား မိန့်ဆိုသည်။

ဂိဗာမြို့၌ နှဲခရာကို၎င်း၊ ရာမမြို့၌ တံပိုးကို၎င်း မှုတ်ကြလော့။

"နှဲခရာ" နှင့် "တံပိုး" ဟူရာတွင် ဆိုလိုချက် တူညီသည်။ ဂိဗာနှင့် ရာမမြို့မှ မြို့သားတို့ထံ ရန်သူများ ရောက်လာကြောင်း အသိပေးသော အသုံးအနှုန်းဖြစ်သည်။ (ရှု၊ rc://*/ta/man/translate/figs-doublet)

ဗေသဝင်မြို့

မြောက်ပိုင်း ဣသရေလပြည်နှင့် တောင်ပိုင်းပြည် ဗင်္ယာမိန်အမျိုးတို့ဒေသ၏ နယ်စပ်မြို့ဖြစ်သည်။ ၄:၁၅ မှ ပြန်ဆိုချက်ကို ရှု။ (ရှု၊ rc://*/ta/man/translate/translate-names)

ဗေသဝင်မြို့၌ ကြွေးကြော်ကြလော့။ အိုဗင်္ယာမိန်အမျိုး၊ နောက်သို့ ကြည့်ကြလော့။

မူရင်းကျမ်း၏ ဆိုလိုရင်းမှာ တိုက်ပွဲ၌ ဗင်္ယာမိန်အမျိုးက ဦးဆောင်ရန် တောင်းဆိုသောစကား ဖြစ်သည်။ ခေတ်ပေါ် မူပြန်ကျမ်းများတွင် အနက်ကွဲသော ပြန်ဆိုချက်မျိုးစုံဖြင့် ဖော်ပြထားသည်။ (ရှု၊ [[rc:///ta/man/translate/figs-metonymy]] နှင့် [[rc:///ta/man/translate/translate-names]])

ဆက်ဆက် ဖြစ်လတံ့သောအမှုကို ငါဘော်ပြ၏

"ဖော်ပြထားသော အမှုကို ငါပြုမည်"