my_tn/heb/13/15.md

3.5 KiB

ချီးမွမ်းခြင်းယဇ်

ချီးမွမ်းခြင်းကို ယဇ်ပူဇော်ရာ အမွေးနံ့သာအဖြစ် ဥပမာပြောထားခြင်းဖြစ်သည်။ (ရှု၊ rc://*/ta/man/translate/figs-metaphor)

နှုတ်ခမ်းအသီးတည်းဟူသော ချီးမွမ်းခြင်းယဇ်ကို

ချီးမွမ်းခြင်းသည် အသီးအားဖြင့်သော်လည်းကောင်း၊ "နှုတ်ခမ်း"ဟူသည် ထိုအသီးအားသီးသော အပင်အဖြစ်သော်လည်းကောင်း ဥပမာပြောထားခြင်းဖြစ်သည်။ ထို့အပြင် "နှုတ်ခမ်း"သည် ဘုရားသခင်အား ချီးမွမ်းခြင်းကို ကိုယ်စားပြုသည်။ အခြားသောဘာသာပြန်ဆိုချက်၊ "ချီးမွမ်းခြင်းသည် ဘုရားသခင်၏ နာမတော်အား ဝန်ခံသော ပူဇော်ခြင်းဖြစ်သည်။" (ရှု၊ [[rc:///ta/man/translate/figs-metaphor]] and [[rc:///ta/man/translate/figs-synecdoche]])

သူ၏နာမ

ထိုသူ၏ နာမည်က ထိုပုဂ္ဂိုလ်ကို ကိုယ်စားပြုသည်။ အခြားသောဘာသာပြန်ဆိုချက်၊ "သူ့ကို" (ရှု၊ rc://*/ta/man/translate/figs-metonymy)

ကျေးဇူးပြုခြင်း၊ ဥစ္စာဝေမျှခြင်းအမှုတို့ကို မမေ့မလျော့ကြနှင့်။

ဤစာကြောင်းကို အပေါင်းလက္ခဏာဆောင်သော ပုံစံဖြင့်ဖော်ပြနိုင်သည်။ အခြားသောဘာသာပြန်ဆိုချက်၊ "အခြားသော သူများအတွက် ကောင်းသောအမှုပြုလျက်၊ အကူအညီပေးကြလော့။" (ရှု၊ rc://*/ta/man/translate/figs-litotes)

ထိုသို့သောယဇ်ကို

အခြားသူများအတွက် ကောင်းသောအမှုပြုခြင်းနှင့်၊ အကူအညီပေးခြင်းကို ပလ္လင်ပေါ်၌ ယဇ်ပူဇော်ခြင်းအဖြစ် ဥပမာပြထားခြင်းဖြစ်သည်။ (ရှု၊ rc://*/ta/man/translate/figs-metaphor)

သင်တို့ စိတ်ဝိညာဉ်၏ အကျိုးအလိုငှါစောင့်နေကြကုန်၏။

ယုံကြည်သူတို့၏ ဝိညာဉ်၊ စိတ်ထားကောင်းမှု ကို အရာဝတ္ထု သို့မဟုတ် တိရစ္ဆာန်အား စောင့်ကြည့်ရသကဲ့သို့ စောင့်ကြည့်ရန် ပြောထားခြင်းဖြစ်သည်။ (ရှု၊ rc://*/ta/man/translate/figs-metaphor)

ဝမ်းနည်းခြင်းမရှိ

ပူဆွေးမှုအတွက် ရပ်တည်သည်။ (ရှု၊ rc://*/ta/man/translate/figs-metonymy)