my_tn/heb/13/09.md

5.2 KiB

ယေဘုယျအချက်အလက်

ဤအပိုင်းတွင် ခရစ်တော် အသေခံခြင်းမရှိမီ ဓမ္မဟောင်းကျမ်းခေတ်တွင် ယုံကြည်သူများက သူတို့၏ အပြစ်များအား ခဏတာ ဖုံးအုပ်နိုင်စေရန် ဘုရားသခင်ထံ တိရစ္ဆာန်အားဖြင့် ယဇ်ပူဇော်မှုပြုသည်ကို ရည်ညွှန်းလိုခြင်းဖြစ်သည်။

အထူးထူးအပြားပြားသော အယူဝါဒသစ်ကို လိုက်၍ မဖေါက်ပြန်ကြနှင့်။

အမျိုးမျိုးသော သွန်သင်ခြင်းများ နောက်သို့ လိုက်သည်ကို ဖိအားတစ်ခုနောက်သို့ လိုက်ပါသွားခြင်းအဖြစ် ဥပမာပေးဖော်ပြထားခြင်းဖြစ်သည်။ အခြားသောဘာသာပြန်ဆို ချက်၊ "သင်သည် အခြားသူများက သူတို့၏ ထူးဆန်း သောသွန်သင်ချက်များ နောက်သို့လိုက်ရန် မဖြစ်စေနှင့်။" (ရှု၊ [[rc:///ta/man/translate/figs-metaphor]] and [[rc:///ta/man/translate/figs-activepassive]])

အထူးထူးအပြားပြားသော အယူဝါဒသစ်

"အခြားသော သွန်သင်ချက်များသည် ငါတို့ ပြောသောသတင်းကောင်းများ မဟုတ်ပါ။"

အစာများအားဖြင့် စိတ်ခိုင်ခံ့ မြဲမြံခြင်းမရှိဘဲ၊ ကျေးဇူးတော်အားဖြင့် ခိုင်ခံ့မြဲမြံလျှင် အကျိုးရှိ၏။ အစာများကို အမှုထားသော သူတို့သည် အကျိုးကိုရကြပြီမဟုတ်။

အခြားသောဘာသာပြန်ဆိုချက်၊ "ဘုရားသခင်သည် ငါတို့အပေါ် အဘယ်မျှ ကြင်နာမှုရှိသည်ကို ငါတို့တွေးကြည့်လျှင် အားပြည့်လာသည်။ အစားအစာကိုသာလျှင် အမှုထားသော သူတို့သည် အားပြည့်လာခြင်း မရှိပါ။" (ရှု၊ [[rc:///ta/man/translate/figs-metaphor]] and [[rc:///ta/man/translate/figs-activepassive]])

စိတ်ခိုင်ခံ့ မြဲမြံခြင်းရှိသင့်သည်။

"စိတ်" ဟူသည် လူ၏ သတ္တိ၊ ခံစားချက်နှင့် ကြံ့ခိုင်မှုများကို ကိုယ်စားပြုသည်။ လူ၏စိတ်နှလုံးကြံ့ခိုင်မှု ရှိသင့်သည်။ (ရှု၊ rc://*/ta/man/translate/figs-metaphor)

အစာများ

အစားအစာများအတွက် စည်းမျဉ်းစည်းကမ်းများကို ရည်ညွှန်းသည်။ (ရှု၊ rc://*/ta/man/translate/figs-metonymy)

အမှုထားသော သူတို့သည်

အခြားသောဘာသာပြန်ဆိုချက်၊ "ထိုအရာများနှင့်အတူ ကျင့်ကြံနေထိုင်သောသူ" သို့မဟုတ် "ထိုအရာများနှင့်အတူ ဘဝကို ဖြတ်သန်းသော သူတို့" (ရှု၊ rc://*/ta/man/translate/figs-metaphor)

ငါတို့၌ တဲတော်ရှိသည်။

"တဲတော်"သည် "ကိုးကွယ်ရာနေရာ" ဖြစ်သည်။ ဓမ္မဟောင်းခေတ်ရှိ ယဇ်ပုရောဟိတ်မင်းများက မိမိနှင့်မိသားစုများအတွက် ယူသော ယဇ်ကောင်၏ အသားများကိုလည်း ဆိုလိုသည်။ (ရှု၊ rc://*/ta/man/translate/figs-metonymy)

ယဇ်ပုရောဟိတ်မင်းသည် အပြစ်ဖြေသော ယဇ်ကောင်၏အသွေးကို သန့်ရှင်းရာ ဌာနထဲသို့ သွင်းပြီးမှ

အခြားသောဘာသာပြန်ဆိုချက်၊ "ယဇ်ပုရောဟိတ်သည် ယဇ်ကောင်၏ ခန္ဓာအား မီးရှို့သောအချိန်တွင်" (ရှု၊ rc://*/ta/man/translate/figs-activepassive)

တပ်ပြင်

"လူများ နေထိုင်သော နေရာမှ ဝေးရာ ဆီသို့"