my_tn/heb/12/09.md

4.5 KiB

ကိုယ်ကာယနှင့်စပ်ဆိုင်သော အဘတို့

ခန္ဓာကိုယ်နှင့် ပတ်သက်၍ ရည်ညွှန်းထားခြင်းဖြစ်သည်။ အခြားသောဘာသာပြန်ဆိုချက်၊ "သဘာဝတရားအရ ဖခင်ဖြစ်သော" (UDB) သို့မဟုတ် "လောကဖခင်" (ရှု၊ rc://*/ta/man/translate/figs-metonymy)

ဆုံးမခြင်းကို ခံရသောအခါ

ငါတို့ကို ဆုံးမသောသူ

စိတ်ဝိညာဉ်တို့၏ အဘအလိုသို့လိုက်၍၊ အသက်ချမ်းသာရကြမည် မဟုတ်လော။

ဘုရားသခင်ကို ဖခင်ကဲ့သို့မှတ်ယူ၍ နာခံသင့်သည်ကို စာရေးသူက အမေးသဏ္ဍာန်ပြု၍ လေးနက်စေခြင်းဖြစ်သည်။ အခြားသောဘာသာပြန်ဆိုချက်၊ "ဝိညာဉ်အရာ၌ ဖခင်ကို နာခံ၍ အသက်ရှင် သင့်သည်။" (ရှု၊ rc://*/ta/man/translate/figs-rquestion)

အသက်ချမ်းသာရကြမည်။

ဤသို့ဖြင့် ငါတို့သည် အသက်ရှင်လိမ့်မည်။

စိတ်ဝိညာဉ်တို့၏ အဘ

ဤဥပမာစကားသည် "အသွေးအသားအားဖြင့် တော်စပ်သော ဖခင်"ကို ပြောခြင်းဖြစ်သည်။ အခြားသောဘာသာပြန်ဆိုချက်၊ "ငါတို့၏ ဝိညာဉ်ရေးရာဖခင်" သို့မဟုတ် "ကောင်းကင်ဘုံ၌ ရှိသော ငါတို့၏ အဖ" (ရှု၊ rc://*/ta/man/translate/figs-idiom)

မိမိသန့်ရှင်းခြင်းပါရမီတော်ကိုငါတို့သည် ဆက်ဆံစေခြင်းငှါ

သန့်ရှင်းခြင်းသည် အကယ်၍ ရုပ်ဝတ္ထုဖြစ်လျှင် လူအများအကြား ပေးမျှနိုင်သည်ကို ရေးထားခြင်းဖြစ်သည်။ အခြားသောဘာသာပြန်ဆိုချက်၊ "ဘုရားသခင်သည် သန့်ရှင်းသကဲ့သို့ ငါတို့သည်လည်း သန့်ရှင်းရန်" (ရှု၊ rc://*/ta/man/translate/figs-metaphor)

ငြိမ်သက်ခြင်းနှင့် စပ်ဆိုင်သော ဖြောင့်မတ်ခြင်းအကျိုး

"ငြိမ်သက်ခြင်း" သည် အကယ်၍ လူတစ်ယောက်ဖြစ်လျှင် အခြားသူများထံသို့ ယူဆောင်သွားသည့် သဏ္ဍာန် ဖော်ပြထားခြင်းဖြစ်သည်။ (ရှု၊ rc://*/ta/man/translate/figs-personification)

ဖြောင့်မတ်ခြင်းအကျိုး

ဘုရားသခင်ကို နာခံခြင်း၊ "ဖြောင့်မတ်ခြင်း" သည် အကယ်၍ သစ်သီးဖြစ်လျှင် အပင်ပေါ်တွင် ကြီးလာသကဲ့သို့ ဖြစ်လာသည်ကို ဥပမာပေးထားခြင်းဖြစ်သည်။ စာရေးသူက ဖြောင့်မတ်ခြင်းတိုးပွားလာခြင်းသည် ဆုံးမမှု၏ အကျိုးရလဒ်အဖြစ် ဖော်ပြထားသည်။ (ရှု၊ rc://*/ta/man/translate/figs-metaphor)

ဆုံးမခြင်းကိုခံရသောသူတို့သည်

"ဆုံးမခြင်းကိုခံရသောသူ။" ဆုံးမသောသူသည် ဘုရားသခင်ကိုယ်တိုင်ပင်ဖြစ်သည်။ အခြားသောဘာသာပြန်ဆိုချက်၊ "ဘုရားသခင်ဆုံးမသောသူတို့သည်" (ရှု၊ [[rc:///ta/man/translate/figs-personification]] and [[rc:///ta/man/translate/figs-activepassive]])