my_tn/heb/11/05.md

4.5 KiB

ဧနောက်သည် ယုံကြည်ခြင်းအားဖြင့် သေခြင်းနှင့်လွတ်၍ ဘဝပြောင်းရ၏

အခြားသောဘာသာပြန်ဆိုချက်၊ "ဧနောက်သည် ယုံကြည်ခြင်းအားဖြင့် မသေဘဲ ဘုရားသခင်၏ ချီဆောင်ခြင်းကို ခံရသောသူ ဖြစ်သည်။" (ရှု၊ rc://*/ta/man/translate/figs-activepassive)

သေခြင်းကို မြင်ရသည်။

"သေဆုံးခြင်း"သည် အကယ်၍ ရုပ်ဝတ္ထုဖြစ်ခဲ့လျှင် လူများမြင်နိုင်သည်ကို ခိုင်းနှိုင်းပြောပြထားခြင်းဖြစ်သည်။ သေခြင်းအမှုအရာကို ကြုံရသည်။ အခြားသောဘာသာပြန်ဆိုချက်၊ "သေသည်။" (ရှု၊ rc://*/ta/man/translate/figs-metaphor)

သူသည်ဘဝမပြောင်းမှီ

အခြားသောဘာသာပြန်ဆိုချက်၊ "ဘုရားသခင် မချီဆောင်မှီ" (ရှု၊ rc://*/ta/man/translate/figs-activepassive)

ဘုရားသခင်၏ စိတ်တော်နှင့်တွေ့သောသူဖြစ်သည်ဟု သက်သေခံခြင်းကို ရလေ၏။

ဖြစ်နိုင်ခြေ အဓိပ္ပာယ်မှာ (၁) "ဘုရားသခင်က ဧနောက်သည် သူ့ကို ကျေနပ်ဝမ်းမြောက်စေသည်ဟု ပြောခဲ့သည်" သို့မဟုတ် (၂) "ဧနောက်သည် ဘုရားသခင်အား ကျေနပ်ဝမ်းမြောက်စေကြောင်း လူတို့ ပြောကြသည်။" (ရှု၊ rc://*/ta/man/translate/figs-activepassive)

ယခု ယုံကြည်မရှိလျှင်

ဤနေရာရှိ "ယခု"ဟူသည် အချိန်ကာလကို မရည်ညွှန်းပါ။ အရေးကြီးသော အချက်ကို ခံယူနိုင်စေရန် လူများ၏ အာရုံကို ဖမ်းစားထားရာတွင် အသုံးပြုထားခြင်းသက်သက် ဖြစ်သည်။

ယုံကြည်ခြင်းမရှိလျှင်၊ ဘုရားသခင်၏ စိတ်တော်နှင့်မတွေ့နိုင်

ဤစာကြောင်းကို ပြုခြင်းပြသဘောဆောင်၍ ဖော်ပြနိုင်သည်။ အခြားသောဘာသာပြန်ဆိုချက်၊ "ဘုရားသခင်ကို ယုံကြည်မှသာလျှင် ဘုရားသခင်အား ကျေနပ်ဝမ်းမြောက်စေနိုင်မည်။" (ရှု၊ rc://*/ta/man/translate/figs-doublenegatives)

ဘုရားသခင့် အထံတော်သို့ ချဉ်းကပ်သောသူသည်

ဘုရားသခင်၏ လူများနှင့်အတူ ဘုရားကို ကိုးကွယ်ရန် ဆန္ဒရှိခြင်းကို ဘုရားဆီသွားချင်သည့် သဏ္ဌာန် ရေးသားထားသည်။ အခြားသောဘာသာပြန်ဆိုချက်၊ "ဘုရားသခင်အား ကိုးကွယ်ချင်သောသူ မည်သူမဆို" (ရှု၊ rc://*/ta/man/translate/figs-metaphor)

ကိုယ်တော်ကို ရှာသောသူအား အကျိုးပေးတော်မူသည်

"ဘုရားသခင်သည် ထိုအရာများကို ပေးတော်မူသည်။"

ကိုယ်တော်ကို ရှာသောသူ

ဘုရားသခင်အကြောင်း လေ့လာခြင်းနှင့် ဘုရားသခင်အား နာခံခြင်းသည် ဘုရားသခင်အား ရှာဖွေခြင်းအဖြစ် ရေးသားထားသည်။ (ရှု၊ rc://*/ta/man/translate/figs-metaphor)