my_tn/heb/09/03.md

2.9 KiB

ဒုတိယကုလားကာအတွင်း၌

ပထမကုလားကာမှာ တဲတော်၏ အပြင်နံရံဖြစ်သောကြောင့်၊ ဒုတိယကုလားကာမှာ သန့်ရှင်းရာဌာနနှင့် အသန့်ရှင်းဆုံးဌာနကြားရှိ အကာဖြစ်သည်။

ဒုတိယ

ကိန်းဂဏန်း နှစ်၏ အစဉ်ပြကိန်းဖြစ်သည်။ (ရှု၊ rc://*/ta/man/translate/translate-ordinal)

ထိုသေတ္တာ၌

"ပဋိညာဉ်သေတ္တာ၌"

အပွင့်ပွင့်သော အာရုန်၏ လှံတံ

အာရုန်၏ တောင်ဝှေးမှ အညွှန့်ထွက်စေခြင်းဖြင့် ဣသရေလလူတို့ရှေ့၌ အာရုန်ကို ယဇ်ပုရောဟိတ်အဖြစ် ရွေးကောက်ကြောင်း ဘုရားသခင်၏ သက်သေပြုခြင်းကို ညွှန်းသည်။ (ရှု၊ rc://*/ta/man/translate/figs-explicit)

အပွင့်ပွင့်သော

"ပန်းပွင့်သော" သို့မဟုတ် "အညွှန့်ထွက်သော" သို့မဟုတ် "ကြီးထွား ဖွံ့ဖြိုးသော"

ပဋိညာဉ်တရားကို ရေးထားသော ကျောက်ပြား

ပညတ်တော် ဆယ်ပါးကို ရေးမှတ်ထားသော ကျောက်ပြားကို ညွှန်းသည်။

ခေရုဗိမ်တို့သည် . . . လွှမ်းမိုးလျက်ရှိကြ၏

ဣသရေလလူတို့သည် ပဋိညာဉ်သေတ္တာကို ပြုလုပ်သောအခါ သေတ္တာအဖုံးပေါ်၌ တောင်ပံထိပ်များထိလျက်၊ မျက်နှာချင်းဆိုင်သော ခေရုဗိမ်နှစ်ပါးကို ထုလုပ်ရန် ဘုရားသခင် ညွန်ကြားခဲ့သည်။ ပဋိညာဉ်သေတ္တာကို ဖုံးအုပ်ပေးနေသကဲ့သို့ ဆိုထားသည်။ အခြားသောဘာသာပြန်ဆိုချက်၊ "ခေရုဗိမ်တို့ ... အတောင်များဖြင့် ဖုံးအုပ်ပေးကြ၏"

ခေရုဗိမ်တို့

ခေရုဗိမ် ကောင်းကင်တမန် နှစ်ပါး၏ ရုပ်တုကို ဆိုလိုသည်။ (ရှု၊ rc://*/ta/man/translate/figs-metonymy)