my_tn/heb/08/10.md

2.4 KiB

ယေဘုယျအချက်အလက်များ

ပရောဖက်ယေရမိ၏ ကျမ်းမှ ကောက်နုတ်ထားသည်။

နောင်ကာလအခါ

"နောင်အချိန်တွင်"

ဣသရေလအမျိုးသားတို့

ဣသရေလအမျိုးသားတို့ကို အိမ်ထောင်မိသားစုကဲ့သို့ ဆိုထားသည်။ အခြားသောဘာသာပြန်ဆိုချက်၊ "ဣသရေလလူမျိုးတို့" (ရှု၊ rc://*/ta/man/translate/figs-metaphor)

ငါ့ပညတ်တို့ကို သူတို့ စိတ်ဝိညာဉ်ထဲသို့ သွင်းမည်

ဘုရားသခင်၏ တောင်းဆိုမှုကို တနေရာ၌ ထား၍ရသော အရာဝတ္ထုကဲ့သို့ ဆိုထားသည်။ လူတို့၏ တွေးခေါ်နိုင်စွမ်းကို နေရာတခုကဲ့သို့ ဆိုထားသည်။ အခြားသောဘာသာပြန်ဆိုချက်၊ "ငါ့ပညတ်တို့ကို နားလည်နိုင်ရန် ငါပြုမည်" (UDB) (ရှု၊ rc://*/ta/man/translate/figs-metaphor)

သူတို့နှလုံးပေါ်မှာ ရေးထားမည်

ဘုရားသခင်အပေါ် သစ္စာစောင့်ခြင်း၏ အလယ်ဗဟိုဖြစ်သော နှလုံးသားကို စာရေးမှတ်၍ရသော စာရွက်ကဲ့သို့ ဆိုထားသည်။ အခြားသောဘာသာပြန်ဆိုချက်၊ "စိတ်ရင်းဖြင့်လည်း နာခံစေမည်" (ရှု၊ rc://*/ta/man/translate/figs-metaphor)

ငါသည် သူတို့၏ ဘုရားဖြစ်မည်

"ငါသည် သူတို့ ကိုးကွယ်သော ဘုရားဖြစ်မည်" (ရှု၊ rc://*/ta/man/translate/figs-metaphor)

သူတို့သည်လည်း ငါ၏လူဖြစ်ကြလိမ့်မည်

"သူတို့သည်လည်း ငါစောင့်ရှောက်သောလူ ဖြစ်ကြလိမ့်မည်"