my_tn/heb/07/11.md

2.5 KiB

အခြားသော ယဇ်ပုရောဟိတ်သည်၊ အာရုန်နည်းတူ မခေါ်ဝေါ်ဘဲ၊ မေလခိဇေဒက်နည်းတူ ပေါ်ထွန်းစရာအကြောင်း အဘယ်သို့ရှိသေးသနည်း

ဤမေးခွန်းသည် မေလခိဇေဒက်ထံမှ ဆင်းသက်လာသော ယဇ်ပုရောဟိတ်မျိုး ရှိစရာ မလိုကြောင်း ဆိုလိုသည်။ အခြားသောဘာသာပြန်ဆိုချက်၊ "အာရုန်ကဲ့သို့ မဟုတ်ဘဲ၊ မေလခိဇေဒက်ကဲ့သို့သော ယဇ်ပုရောဟိတ်မျိုးကို လိုအပ်စရာအကြောင်း မရှိ" (ရှု၊ rc://*/ta/man/translate/figs-rquestion)

အာရုန်နည်းတူ မခေါ်ဝေါ်ဘဲ

အခြားသောဘာသာပြန်ဆိုချက်၊ "အာရုန်ကဲ့သို့ မဖြစ်ဘဲ" သို့မဟုတ် "အာရုန်ကဲ့သို့သော ယဇ်ပုရောဟိတ် မဟုတ်ဘဲ" (ရှု၊ rc://*/ta/man/translate/figs-activepassive)

မေလခိဇေဒက်နည်းတူ

ယဇ်ပုရောဟိတ်မင်းဖြစ်သော ခရစ်တော်တွင် မေလခိဇေဒက်နှင့် တူညီသောအချက် ရှိကြောင်း ဆိုလိုသည်။ အခြားသောဘာသာပြန်ဆိုချက်၊ "မေလခိဇေဒက်ကဲ့သို့သော ယဇ်ပုရောဟိတ်မျိုး"

ပေါ်ထွန်းစရာ

"ဖြစ်ပေါ်စရာ" သို့မဟုတ် "ပေါ်ပေါက်စရာ"

ယဇ်ပုရောဟိတ်အမျိုးသည် ပြောင်းလဲလျှင်၊ ပညတ်တရားသည် မပြောင်းလဲဘဲမနေနိုင်ရာ

အခြားသောဘာသာပြန်ဆိုချက်၊ "ယဇ်ပုရောဟိတ်အမျိုးကို ပြောင်းလဲတော်မူလျှင်၊ ပညတ်တရားကိုလည်း ပြောင်းလဲရပေမည်" (ရှု၊ rc://*/ta/man/translate/figs-activepassive)