my_tn/heb/07/07.md

2.5 KiB

ကြီးသောသူသည် ငယ်သောသူကို ကောင်းကြီးပေးတတ်သည်

အခြားသောဘာသာပြန်ဆိုချက်၊ "ငယ်သူကို ကြီးသူက ကောင်းကြီးပေးရမည်" (ရှု၊ rc://*/ta/man/translate/figs-activepassive)

ထိုမှတပါး . . . ထိုအခါမူကား

လေဝိအနွယ်ဝင် ယဇ်ပုရောဟိတ်များနှင့် မေလခိဇေဒက်ကို နှိုင်းယှဉ်ရာတွင် အသုံးပြုထားသော စကားဆက်ဖြစ်သည်။ ပြန်ဆိုမည့် ဘာသာစကားတွင် စာရေးသူက နှိုင်းယှဉ်နေကြောင်း သိသာစေသော အသုံးအနှုန်းများဖြင့် ဖော်ပြနိုင်သည်။

အသက်ရှင်သည်ဟု သက်သေခံခြင်းကို ရသောသူသည်

ကျမ်းစာတွင် မေလခိဇေဒက် သေဆုံးကြောင်းကို ဖော်ပြထားခြင်းမရှိပါ။ ထို့ကြောင့် ကျမ်းပြုသူက မေလခိဇေဒက် အသက်ရှင်လျက် ရှိသည်ဟူသော အကောင်းမြင်သဘောဖြင့် ခံယူထားသည်။ အခြားသောဘာသာပြန်ဆိုချက်၊ "အသက်ရှင်သည်ဟု ကျမ်းစာလာသောသူသည်" (ရှု၊ [[rc:///ta/man/translate/figs-metaphor]] and [[rc:///ta/man/translate/figs-activepassive]])

လေဝိသည် မိမိအဘ၏ ကိုယ်၌ရှိသတည်း

လေဝိအမျိုးတို့ မမွေးသေးသော်လည်း၊ အာဗြဟံ၏အထဲ၌ ရှိနှင့်ပြီးသကဲ့သို့ ဆိုထားသည်။ ထိုသို့ဖြင့် လေဝိအမျိုးတို့ကလည်း အာဗြဟံကိုမှီ၍ မေလခိဇေဒက်ထံ ဆယ်ဘို့တစ်ဘို့ ဆက်သခဲ့ကြောင်း ဆိုလိုသည်။ (ရှု၊ rc://*/ta/man/translate/figs-metaphor)