my_tn/heb/06/01.md

3.4 KiB

ဆက်စပ်မှုဖော်ပြချက်

ကျမ်းပြုသူက မရင့်ကျက်သေးသော ဟေဗြဲလူမျိုး ယုံကြည်သူများ ရင့်ကျက်သော ခရစ်ယာန်များ ဖြစ်လာရန် လုပ်ဆောင်ရမည့်အရာများကို ဆက်၍ ဖော်ပြထားသည်။ အခြေခံ သွန်သင်ချက်များကို ပြန်လည် အသိပေးထားသည်။

သေခြင်းနှင့်စပ်ဆိုင်သောအကျင့်ကို နောင်တရခြင်း . . . တည်းဟူသော မူလအမြစ်ကို ငါတို့သည် ပြန်၍ မတည်ဘဲ

အခြေခံသွန်သင်ချက်ကို အဆောက်အဦးတခု၏ အုတ်မြစ်ကဲ့သို့ ဆိုထားသည်။ အခြားသောဘာသာပြန်ဆိုချက်၊ "သေခြင်းဖြစ်စေသော အကျင့်ကို နောင်တရခြင်း ... တည်းဟူသော မူလတရားတွင်သာ ရပ်တန့်မသွားဘဲ" (ရှု၊ rc://*/ta/man/translate/figs-metaphor)

သေခြင်းနှင့်စပ်ဆိုင်သော အကျင့်

အပြစ်တရားကို လူသေတို့လောကတွင်ရှိနေသကဲ့သို့ ဆိုထားသည်။ (ရှု၊ rc://*/ta/man/translate/figs-metaphor)

လက်ကိုတင်ခြင်း

တစုံတဦးထံ ထူးကဲ့သော တာဝန် သို့မဟုတ် ရာထူးကို ပေးရာ၌ သုံးသော အလေ့အထ ဖြစ်သည်။

ထာဝရ စီရင်ဆုံးဖြတ်ခြင်း တည်းဟူသော မူလအမြစ်

အခြေခံသွန်သင်ချက်ကို အိမ်မဆောက်မီ ချရသော အုတ်မြစ်ကဲ့သို့ ဆိုထားသည်။ အခြားသောဘာသာပြန်ဆိုချက်၊ "ထာဝရစီရင်ခြင်း တည်းဟူသော မူလတရား" (ရှု၊ rc://*/ta/man/translate/figs-metaphor)

ခရစ်တော်၏ဘာသာ၌ အစအဦးဖြစ် သော အကြောင်းအရာတို့ကိုထား၍၊ စုံလင်သောအဖြစ် သို့ တက်ကြကုန်အံ့

အခြေခံ သွန်သင်ချက်များကို ခရီးစဉ်၏အစအဖြစ်၎င်း၊ အဆင့်မြင့် သွန်သင်ချက်များကို ခရီးစဉ်၏အဆုံးအဖြစ်၎င်း ညွှန်းထားသည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "ဦးစွာသင်ယူခဲ့သော အခြေခံတရားများကို ထား၍၊ ပို၍ရင့်ကျက်သောတရားများကိုလည်း လေ့လာကြစို့" (ရှု၊ rc://*/ta/man/translate/figs-metaphor)