my_tn/heb/05/09.md

3.8 KiB

ဆက်စပ်မှုဖော်ပြချက်

ဤ အခန်းငယ် ၁၁ တွင် စာရေးသူထံမှ တတိယမြောက် သတိပေးချက်ကို စတင်ထားသည်။ ယုံကြည်သူများသည် ရင့်ကျက်မှု မရှိသေးသောကြောင့် အမှား၊ အမှန် ခွဲခြားသိမြင်စေသော နုတ်ကပတ်တော်ကို လေ့လာဆည်းပူးရန် တိုက်တွန်းထားသည်။

ထိုသို့ စုံလင်ခြင်းသို့ ရောက်ပြီးမှ

အခြားသောဘာသာပြန်ဆိုချက်၊ "ဘုရားသခင်သည် သူ့ကို စုံလင်စေပြီးမှ" (ရှု၊ rc://*/ta/man/translate/figs-activepassive)

စုံလင်ခြင်းသို့ ရောက်ပြီးမှ

ဘဝကဏ္ဍ အသီးသီး၌ ရင့်ကျက်၍ ဘုရားသခင်ကို ဂုဏ်ပြုကြောင်း ဆိုလိုသည်။

ယုံကြည် နားထောင်သောသူ အပေါင်းတို့အား ထာဝရ ကယ်တင်ခြင်းကျေးဇူးကို ပြုသောသူ ဖြစ်တော်မူ၍

အခြားသောဘာသာပြန်ဆိုချက်၊ "နာခံသောသူအပေါင်းကို ကယ်တင်၍ ထာဝရအသက်ရှင်ခြင်းကို ရစေတော်မူ၍" rc://*/ta/man/translate/figs-abstractnouns)

ဘုရားသခင် သမုတ်တော်မူခြင်းကို ခံရ၏

အခြားသောဘာသာပြန်ဆိုချက်၊ "ဘုရားသခင်၏ မှတ်သားခြင်းကို ခံရ၏" သို့မဟုတ် "ဘုရားသခင် ခန့်အပ်တော်မူ၏" (ရှု၊ rc://*/ta/man/translate/figs-activepassive)

မေလခိဇေဒက်ကဲ့သို့သော

ခရစ်တော်သည် မေလခိဇေဒက်ကဲ့သို့သော ယဇ်ပုရောဟိတ်ဖြစ်ကြောင်း ဆိုလိုသည်။ အခြားသောဘာသာပြန်ဆိုချက်၊ "မေလခိဇေဒက်နည်းတူ"

ငါတို့ပြောစရာစကား အများရှိ၏

"ငါတို့" ဟူ၍ အများကိန်းကို သုံးထားသော်လည်း စာရေးသူက မိမိကိုယ်ကို ညွှန်းနေခြင်း ဖြစ်နိုင်သည်။ အခြားသောဘာသာပြန်ဆိုချက်၊ "ပြောစရာ များလှ၏" (ရှု၊ rc://*/ta/man/translate/figs-pronouns)

သင်တို့သည် ဉာဏ်နုန့်သောကြောင့်

နားလည်၍ နာခံတ်သော အရည်အချင်းကို နားထောင်နိုင်စွမ်းဖြင့် ခိုင်းနှိုင်းထားသည်။ နားထောင်နိုင်စွမ်းကို သုံးဖန်များလျှင် တုံးသွားသော သံထည်ပစ္စည်းကဲ့သို့ ဆိုထားသည်။ အခြားသောဘာသာပြန်ဆိုချက်၊ "သင်တို့သည် နားမလည်နိုင်သောကြောင့်" (ရှု၊ rc://*/ta/man/translate/figs-metaphor)