my_tn/heb/05/07.md

2.5 KiB

ထိုခရစ်တော်သည် လူဇာတိအဖြစ်၌ နေစဉ်ကာလ

"ကာလ" သည် သခင်ယေရှု လူ့လောကတွင် ကျင်လည်စဉ်ကာလကို ညွှန်းပြီး၊ "လူဇာတိ" သည် သခင်ယေရှု၏ လူသားဖြစ်ခြင်းကို ညွှန်းသည်။ အခြားသောဘာသာပြန်ဆိုချက်၊ "ထိုခရစ်တော်သည် လောကတွင် နေထိုင်ခဲ့စဉ်၌" (ရှု၊ rc://*/ta/man/translate/figs-metonymy)

ဆုတောင်း ပဌနာပြုသဖြင့်

ဆုတောင်းခြင်းနှင့် ပဌနာပြုခြင်းမှာ အခြေခံအားဖြင့် အတူတူဖြစ်သည်။ (ရှု၊ rc://*/ta/man/translate/figs-doublet)

သေခြင်းမှ ကယ်လွှတ်နိုင်တော်မူသော

"သေခြင်း" ကို သခင်ယေရှုအား အတင်းအဓမ္မ ပို့လွှတ်သောနေရာအဖြစ် သို့မဟုတ် သူ့ကို ကယ်တင်၍ရသောနေရာအဖြစ် အနက်အဓိပ္ပါယ်နှစ်မျိုး ဖွင့်နိုင်သည်။ အနက်နှစ်မျိုးလုံး အသုံးပြုနိုင်သည်။ သို့ရာတွင်၊ UDB ကျမ်းတွင် ပထမအနက်ကို ဆောင်သော ဝေါဟာရကို သုံးထားသည်။ ဘာသာပြန်ဆိုရာ၌၊ အထက်ပါ အနက်နှစ်မျိုးလုံးကိုဆောင်သော ဝေါဟာရကို အသုံးပြုသင့်သည်။ (ရှု၊ rc://*/ta/man/translate/figs-metaphor)

သားတော်

ဘုရားသားတော် သခင်ယေရှု၏ အရေးပါသော ဂုဏ်ပုဒ်တစ်ခုဖြစ်သည်။ (ရှု၊ rc://*/ta/man/translate/guidelines-sonofgodprinciples)

ဆင်းရဲဒုက္ခကို ခံသောအားဖြင့်

ဆင်းရဲဒုက္ခ ခံစားရကြောင်း ဆိုလိုသည်။ (ရှု၊ rc://*/ta/man/translate/figs-metaphor)