my_tn/heb/04/12.md

5.9 KiB

ဘုရားသခင်၏နှုတ်ကပတ်တရားတော်သည် အသက်ရှင်ခြင်း

"ဘုရားသခင်၏ နှုတ်ကပတ်တရားတော်" မှာ ဘုရားသခင်က လူသားများထံ နှုတ်အားဖြင့် သို့မဟုတ် စာအားဖြင့် မိန့်မှာချက်ကို ဆိုလိုသည်။ အခြားသောဘာသာပြန်ဆိုချက်၊ "ဘုရားသခင်၏ နုတ်ကပတ်တော်သည် အသက်ရှင်လျက်" (ရှု၊ rc://*/ta/man/translate/figs-metonymy)

အသက်ရှင်ခြင်း၊ တန်ခိုးနှင့်ပြုပြင်ခြင်း

ဘုရားသခင်၏ နုတ်ကပတ်တရားတော်ကို အသက်ရှင်သော အရာကဲ့သို့ ဆိုထားသည်။ ဘုရားသခင်၏ နုတ်ကပတ်တော်မှာ တန်ခိုးရှိ၍ ထိရောက်ကြောင်း ဆိုလိုသည်။ (ရှု၊ rc://*/ta/man/translate/figs-personification)

သန်လျက်တကာတို့ထက် ထက်ခြင်းနှင့် ပြည့်စုံသည်

နှစ်ဖက်ချွန်သော သန်လျက်သည် ချွန်ထက်လွန်းသဖြင့် လူ့အသားကိုပင် အလွယ်တကူဖြတ်နိုင်သည်။ ဘုရားသခင်၏ နုတ်ကပတ်တော်သည်လည်း သန်လျက်ကဲ့သို့ လူ့စိတ်နှလုံးတွင် ရှိသောအရာကို ထိရောက်စွာ ဖော်ထုတ်ပေးနိုင်သည်။ (ရှု၊ rc://*/ta/man/translate/figs-metaphor)

သန်လျက်

အသွားနှစ်ဖက်ချွန်သော ဓားလက်နက်တမျိုး

အသက်နှင့် စိတ်ဝိညာဉ်ကို၎င်း၊ အရိုးဆစ်နှင့် ခြင်ဆီကို၎င်း ပိုင်းခြား၍ ထုတ်ချင်းခွင်းတတ်၏

ဘုရားသခင်၏ နှုတ်ကပတ်တော်ကို ဓားဖြင့် ခိုင်းနှိုင်းထားသည်။ ဤဓားက အလွန်ထက်၍ အလွန်မာကျောသော လူ၏ခန္ဓာကိုယ် အစိတ်အပိုင်းကိုပင် ပိုင်းဖြတ်နိုင်သည်။ ဘုရားရှေ့တွင် မည်သည့်အရာမှ ကွယ်ဝှက်မထားနိုင်ကြောင်း ဆိုလိုသည်။ (ရှု၊ rc://*/ta/man/translate/figs-metaphor)

အသက်နှင့် စိတ်ဝိညာဉ်

မတူညီသော လူ့ခန္ဓာကိုယ် အစိတ်အပိုင်း နှစ်ခုဖြစ်သည်။ "အသက်" က လူကို ရှင်သန်စေသည်။ "စိတ်ဝိညာဉ်" မှာ ဘုရားသခင်ကို သိနားလည်၍ ယုံကြည်စေသော အစိတ်အပိုင်းဖြစ်သည်။

အရိုးဆစ်နှင့် ခြင်ဆီ

"အရိုးဆစ်" က အရိုးနှစ်ခုကို ဆက်ပေးသည်။ "ခြင်ဆီ" မှာ အရိုး၏ အလယ်ဗဟို ဖြစ်သည်။

စိတ်နှလုံး အကြံအစည်များကိုလည်း

အတွေးနှင့် ခံစားချက်များ၏ အလယ်၌ နှလုံးသား ရှိနေသကဲ့သို့ ဆိုထားသည်။ အခြားသောဘာသာပြန်ဆိုချက်၊ "လူ၏ အတွေးနှင့် အကြံအစည်သည်..." (ရှု၊ rc://*/ta/man/translate/figs-metaphor)

ငါတို့ကို စစ်ကြောစီရင်တော်မူသောသူ ရှေ့၌

အခြားသောဘာသာပြန်ဆိုချက်၊ "ငါတို့၏ အသက်တာဖြင့် တရားစီရင်မည့် ဘုရားသခင် ရှေ့၌" (ရှု၊ rc://*/ta/man/translate/figs-metaphor)

ရှေ့၌ မထင်ရှားသောအရာ တစုံတခုမျှမရှိ

အခြားသောဘာသာပြန်ဆိုချက်၊ "ရှေ့၌ ဖုံးကွယ်စရာမရှိ" (ရှု၊ rc://*/ta/man/translate/figs-activepassive)

ခပ်သိမ်းသော အရာတို့သည် အကွယ်အကာ မရှိဘဲ၊ . . . လှန်ထားလျက် ရှိကြ၏

အရာအားလုံးကို ကိုယ်တုံးလုံးဖြစ်နေသော လူကဲ့သို့ သို့မဟုတ် ဖွင့်ထားသော သေတ္တာကဲ့သို့ဖြစ်ကြောင်း ဆိုလိုသည်။ အခြားသောဘာသာပြန်ဆိုချက်၊ "အရာအားလုံးသည် . . . ထင်ရှားလျက် ရှိကြ၏" (UDB) (ရှု၊ rc://*/ta/man/translate/figs-metaphor)

အကွယ်အကာ မရှိဘဲ . . . လှန်ထားလျက် ရှိကြ၏

ဘုရားသခင်ထံမှ ဖုံးကွယ်ထားသောအရာ မရှိကြောင်း ဆိုလိုသည်။ (ရှု၊ rc://*/ta/man/translate/figs-doublet)