my_tn/heb/04/03.md

3.6 KiB

ယေဘုယျအချက်အလက်များ

ပထမကိုးကားချက် (ငါကျိန်ဆိုသည်.....) မှာ ဆာလံကျမ်းမှဖြစ်သည်။ ဒုတိယအချက် (ငြိမ်ဝပ်စွာ နေတော်မူ၏) မှာ မောရှေ ပြုစုထားသော ကျမ်းစာများမှဖြစ်ပြီး တတိယအချက် (သူတို့သည် ငါ၏ချမ်းသာထဲသို့......) သည် ဆာလံကျမ်းမှ ကိုးကားထားခြင်းဖြစ်သည်။

ငါတို့မူကား၊ ယုံကြည်သောသူဖြစ်၍

"ယုံကြည်သော ငါတို့မူကား"

ဘုရားသခင်၏ ချမ်းသာထဲသို့ ဝင်ကြရ၏

ဘုရားသခင်ပေးသော ငြိမ်သက်ခြင်းနှင့် လုံခြုံခြင်းတို့ကို ဘုရားသခင်ပေးသော ချမ်းသာကဲ့သို့လည်းကောင်း၊ နေရာတစ်ခုကဲ့သို့လည်းကောင်း ဖော်ပြထားသည်။ အခြားသောဘာသာပြန်ဆိုချက်၊ "ငြိမ်သက်ရာအရပ်သို့ ဝင်စားရ၏" သို့မဟုတ် "ဘုရားသခင်၏ ငြိမ်သက်ခြင်းကျေးဇူးကို ခံစားရ၏" (ရှု၊ rc://*/ta/man/translate/figs-metaphor)

ထိုသို့နှင့်အညီ ဗျာဒိတ်တော်ကား

"ဘုရားသခင် မိန့်တော်မူသည်ကား"

သူတို့သည် ငါ၏ချမ်းသာထဲသို့ မဝင်ရကြ

ဘုရားသခင်ပေးသော ငြိမ်သက်ခြင်းနှင့် လုံခြုံခြင်းတို့ကို ဘုရားသခင်ပေးသော ချမ်းသာကဲ့သို့လည်းကောင်း၊ နေရာတစ်ခုကဲ့သို့လည်းကောင်း ဖော်ပြထားသည်။ အခြားသောဘာသာပြန်ဆိုချက်၊ "သူတို့သည် ငြိမ်သက်ရာအရပ်သို့ ဝင်မစားရကြ" သို့မဟုတ် "သူတို့သည် ငါ၏ ငြိမ်သက်ခြင်းကျေးဇူးကို မခံရကြ။" (ရှု၊ rc://*/ta/man/translate/figs-metaphor)

အမျက်ထွက်၍ ငါကျိန်ဆိုသည်

"အမျက်ထွက်ရင်း ငါကျိန်ဆိုသည်"

ကမ္ဘာဦးကပင်

အခြားသောဘာသာပြန်ဆိုချက်၊ "ဖန်ဆင်းစကပင်။" (ရှု၊ rc://*/ta/man/translate/figs-metaphor)

အမှုအရာတို့ကို ပြီးစီး၍

အခြားသောဘာသာပြန်ဆိုချက်၊ "ဖန်ဆင်းခြင်းအမှုကို ပြီးဆုံး၍။" (ရှု၊ rc://*/ta/man/translate/figs-activepassive)

ခုနစ်ရက်မြောက်သောနေ့

"ခုနစ်" ၏ အစဉ်ပြကိန်း ဖြစ်သည်။ (ရှု၊ rc://*/ta/man/translate/translate-ordinal)