my_tn/heb/04/01.md

4.3 KiB

ဆက်စပ်မှုဖော်ပြချက်

၃း၇ တွင် စတင်ခဲ့သော သတိပေးချက်ကို အခန်းကြီး ၄ ၌ ဆက်လက် ဖော်ပြထားသည်။

ထို့ကြောင့်

"ဘုရားသခင်သည် မနာခံသောသူတို့ကို စီရင်တော်မူမည်ဖြစ်၍" (၃း၁၆)

ဘုရားသခင်၏ ချမ်းသာထဲသို့ ဝင်ရသောအခွင့်ကို ပေးသော ဂတိတော်သည် ငါတို့၌ရှိရစ် လျက်နှင့်၊ သင်တို့တွင် အချို့တို့သည် မမှီဘဲနေမည်

ဘုရားသခင်၏ ကတိတော်များကို လူသားတို့ထံ ထားရစ်ခဲ့သော လက်ဆောင်ကဲ့သို့ ဖော်ပြထားသည်။ အခြားသောဘာသာပြန်ဆိုချက်၊ "သင်တို့သည် ဘုရားသခင် ကတိတော်ရှိသော ငြိမ်သက်ခြင်း၌ မဝင်ရမည်" သို့မဟုတ် "ဘုရားသခင်သည် ကတိတော်အတိုင်း သင်တို့အပေါ် ငြိမ်သက်ခြင်းချမ်းသာကို မပေးဘဲနေမည်။" (ရှု၊ rc://*/ta/man/translate/figs-metaphor)

ဘုရားသခင်၏ ချမ်းသာထဲသို့ ဝင်ရသောအခွင့်

ဘုရားသခင်ပေးသော ငြိမ်သက်ခြင်းနှင့် လုံခြုံခြင်းတို့ကို ဘုရားသခင်ပေးသော ချမ်းသာကဲ့သို့လည်းကောင်း၊ နေရာတစ်ခုကဲ့သို့လည်းကောင်း ဖော်ပြထားသည်။ အခြားသောဘာသာပြန်ဆိုချက်၊ "ငြိမ်သက်ရာအရပ်၌ ဝင်ရသောအခွင့်" သို့မဟုတ် "ဘုရားသခင်၏ ငြိမ်သက်ခြင်းကို ခံရသောအခွင့်။" (ရှု၊ rc://*/ta/man/translate/figs-metaphor)

ငါတို့သည် ဝမ်းမြောက်စရာသိတင်းကို ထိုသူတို့ကဲ့သို့ ကြားရကြပြီ

အခြားသောဘာသာပြန်ဆိုချက်၊ "ထိုသူတို့ ကြားရသကဲ့သို့ ငါတို့သည် သတင်းကောင်ကို ကြားရကြပြီ။" (ရှု၊ rc://*/ta/man/translate/figs-activepassive)

ထိုသူတို့ကဲ့သို့

"ထိုသူတို့" ဆိုသည်မှာ မောရှေခေတ် ဟေဗြဲဘိုးဘေးတို့ကို ရည်ညွှန်းသည်။

သို့ရာတွင် သူတို့ကြားရသော တရားစကားသည်၊ ကြားရသောသူတို့အထဲ၌ ယုံကြည်ခြင်းနှင့် မရောနှောသောကြောင့် အကျိုးကိုမပေး

"သို့ရာတွင် ထိုသတင်းစားသည်၊ ယုံကြည်မှုနှင့် နာခံမှု မရှိသောသူတို့ကို အကျိုးမပေး။" စာရေးသူက ဘုရားသခင်၏ ကတိတော်ကို သစ္စာရှိစွာ ယုံကြည်သောသူနှင့် ကြားရသော်လည်း မယုံကြည်သောသူဟူ၍ လူနှစ်မျိုးအကြောင်း ခွဲခြားပြထားသည်။ အခြားသောဘာသာပြန်ဆိုချက်၊ "ဤသတင်းစကားသည် ယုံကြည်သောသူနှင့် နာခံသောသူတို့ ကိုသာ အကျိုးပေးသည်။" (ရှု၊ rc://*/ta/man/translate/figs-doublenegatives)