my_tn/heb/03/16.md

4.4 KiB

ယေဘုယျအချက်အလက်

ဤကျမ်းပိုဒ်ရှိ "သူတို့"သည် နာခံမှုမရှိသော ဣသရေလလူမျိုးများကို ရည်ညွှန်း၍ "ငါတို့" ဟူသည် စာရေးသူနှင့် စာဖတ်သူအားလုံးတို့ကို ရည်ညွှန်းထားသည်။

ကြားပြီးမှ ဆန့်ကျင်ဘက်ပြုသော သူတို့ကား၊ အဘယ်သူနည်း၊ မောရှေနောက်သို့လိုက်၍ အဲဂုတ္တုပြည်မှ ထွက်လောသော သူအပေါင်းတို့သည် ထိုသို့ပြုကြသည် မဟုတ်လော

စာရေးသူက စာဖတ်သူတို့ထံ အမေးသဘောပြု၍ သင်ပြထားသည်။ ဤအမေးနှစ်ခုကို တစ်ကြောင်းတည်းဖြင့် ဖော်ပြနိုင်သည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "မောရှေနှင့်အတူ အဲဂုတ္တုပြည်မှ ထွက်လာသော သူတို့သည် ဘုရားသခင်ကို ကြားသော်လည်း ဆန့်ကျင်ခဲ့ကြ၏။" (ရှု၊ rc://*/ta/man/translate/figs-rquestion)

အနှစ်လေးဆယ်ပတ်လုံး နှစ်သက်တော်မမူသော သူတို့ကား၊ အဘယ်သူနည်း။ ဒုစရိုက်အပြစ်ကို ပြုသောကြောင့် တော၌လဲ၍ သေသောသူပင် မဟုတ်လော

စာရေးသူက စာရှုသူတို့ကို အမေးသဘောဖြင့် သင်ပြထားသည်။ ဤအမေးနှစ်ခုကို တစ်ကြောင်းတည်းဖြင့်လည်း ဖော်ပြနိုင်သည်။ အခြားသောဘာသာပြန်ဆိုချက်၊ "ဘုရားသခင်သည် အပြစ်သားတို့အပေါ် စိတ်ဆိုးတော်မူသဖြင့် အနှစ်လေးဆယ်ပတ်လုံး တောလည်၍ သေစေတော်မူ၏" (ရှု၊ rc://*/ta/man/translate/figs-rquestion)

အနှစ်လေးဆယ်

"နှစ် ၄၀" (ရှု၊ rc://*/ta/man/translate/translate-numbers)

သင်တို့သည် ငါ၏ချမ်းသာထဲသို့ မဝင်ရကြဟု ကျိန်ဆိုတော်မူသော သူတို့ကား၊ မယုံကြည်သော သူမှ တပါး အဘယ်သူနည်း

စာရေးသူက စာရှုသူတို့ကို အမေးသဘောဖြင့် သင်ပြထားသည်။ အခြားသောဘာသာပြန်ဆိုချက်၊ "နာခံမှုမရှိသော သူတို့သည် ငါ၏ ငြိမ်သက်ခြင်းချမ်းသာကို မခံရဟု ဘုရားသခင် ကျိန်ဆိုတော်မူ၏။" (ရှု၊ rc://*/ta/man/translate/figs-rquestion)

သင်တို့သည် ငါ၏ချမ်းသာထဲသို့ မဝင်ရကြ

ဘုရားသခင် ပေးသော ငြိမ်းချမ်းမှုကို သွားရောက်နိုင်သောအရပ်ကဲ့သို့ ဖော်ပြထားသည်။ အခြားသောဘာသာပြန်ဆိုချက်၊ "သင်တို့သည် ငြိမ်သက်ရာအရပ်သို့ မဝင်ရကြ" သို့မဟုတ် "သင်တို့သည် ငါ၏ ငြိမ်သက်ခြင်းကျေးဇူးကို မခံရ" (ရှု၊ rc://*/ta/man/translate/figs-metaphor)

မယုံကြည်သောကြောင့်

အခြားသောဘာသာပြန်ဆိုချက်၊ "ဘုရားသခင်ကို မယုံကြည်သောကြောင့်" (ရှု၊ rc://*/ta/man/translate/figs-abstractnouns)