my_tn/heb/03/12.md

3.3 KiB

ညီအစ်ကိုတို့

ယုံကြည်သူ ညီအစ်ကိုမောင်နှမအားလုံးကို ဆိုလိုသည်။ ပြန်ဆို၊ "အချင်းယုံကြည်သူတို့" (ရှု၊ [[rc:///ta/man/translate/figs-metaphor]] and [[rc:///ta/man/translate/figs-gendernotations]])

အသက်ရှင်တော်မူသော ဘုရားသခင်ထံတော်မှ ထွက်သွားသောအားဖြင့်

တစ်စုံတစ်ယောက်တ်နှလုံးသည် လမ်းလွှဲတတ်သော လူကဲ့သို့ ဆိုထားသည်။ အခြားသောဘာသာပြန်ဆိုချက်၊ "အသက်ရှင်တော်မူသော ဘုရားသခင်ကို မနာခံသောအားဖြင့်" (ရှု၊ rc://*/ta/man/translate/figs-metaphor)

အသက်ရှင်တော်မူသော ဘုရားသခင်

"အမှန်တကယ် အသက်ရှင်သော ဘုရားသခင်"

မယုံကြည်တတ်၊ ဆိုးညစ်သော စိတ်နှလုံးမရှိစေခြင်းငှါ

ဤစာကြောင်းရှိ "စိတ်" ဆိုသည်မှာ တစုံတဦး၏ အတွေးအခေါ်၊ စိတ်ဆန္ဒနှင့် စိတ်အားထက်သန်မှုကို ဆိုလိုသည်။ အခြားသောဘာသာပြန်ဆိုချက်၊ "သင်တို့ ဘုရားသခင်အပေါ် ယုံကြည်မှု မလျှော့စေခြင်းငှါ" (ရှု၊ rc://*/ta/man/translate/figs-metaphor)

ဒုစရိုက်၏ လှည့်ဖြားခြင်းအားဖြင့် သင်တို့ စိတ်နှလုံး မခိုင်မာစေခြင်းငှါ

အခြားသောဘာသာပြန်ဆိုချက်၊ "အပြစ်၏ သွေးဆောင်မှုကြောင့် သင်တို့ မခိုင်စေခြင်းငှါ" (ရှု၊ rc://*/ta/man/translate/figs-activepassive)

ဒုစရိုက်၏ လှည့်ဖြားခြင်းအားဖြင့် သင်တို့ စိတ်နှလုံး မခိုင်မာစေခြင်းငှါ

ခေါင်းမာသည်ကို စိတ်နှလုံးခိုင်မာသကဲ့သို့ ဖော်ပြထားသည်။ အပြစ်တရားကြောင့်ခေါင်းမာတတ်သည်။ အခြားသောဘာသာပြန်ဆိုချက်၊ "သင်တို့တွင် အဘယ်သူမျှ အပြစ်၏ သွေးဆောင်မှုကြောင့် ခေါင်းမာခြင်း မရှိစေရန်" (ရှု၊ [[rc:///ta/man/translate/figs-abstractnouns]] and [[rc:///ta/man/translate/figs-metaphor]])

ယနေ့ဟူ၍ ခေါ်ဝေါ်သော အချိန်၊ နေ့တိုင်းအစဉ်

"အခွင့်အရေး ရှိနေသေးသော ကာလ"