my_tn/heb/03/07.md

2.7 KiB

ဆက်စပ်မှုဖော်ပြချက်

ဣသရေလလူမျိုးတို့၏ မယုံကြည်မှုကြောင့် ဘုရားသခင် ကတိတော်ထားရာပြည်သို့ မရောက်နိုင်ကြောင်း သတိပေးသော ကျမ်းပိုဒ်ဖြစ်သည်။ သူတို့၏ မယုံကြည်နိုင်မှုကို ထွက်မြောက်ရာကျမ်း ၁၇ တွင် ဖော်ပြထားရာ၊ မောရှေကို ဆန့်ကျင်၍ ဘုရားသခင်၏ အတူပါရှိမှုကို သံသယဝင်သည့်အချိန် ဖြစ်သည်။

ယေဘုယျ အချက်အလက်များ

ဤကျမ်းပိုဒ်ရှိ ကိုးကားချက်များကို ဆာလံကျမ်းမှ ကောက်နုတ်ထားသည်။

ဗျာဒိတ်တော်အသံကို ကြားလျက်ရှိသည် ဖြစ်၍

ဣသရေလလူမျိုးများထံ ဘုရားသခင် ပေးသော ဗျာဒိတ်တော်ကို အသံဖြင့် ကြားရသကဲ့သို့ ဆိုထားသည်။ အခြားသောဘာသာပြန်ဆိုချက်၊ "ဘုရားသခင်၏ အသံတော်ကို ကြားရလျှင်" (ရှု၊ rc://*/ta/man/translate/figs-metaphor)

ခိုင်မာသော စိတ်နှလုံးမရှိကြနှင့်

ခေါင်းမာသည်ကို ခိုင်မာသော စိတ်နှလုံးဖြင့် နှိုင်းပြထားသည်။ အခြားသောဘာသာပြန်ဆိုချက်၊ "ခေါင်းမာခြင်း မရှိကြနှင့်။" (ရှု၊ rc://*/ta/man/translate/figs-metaphor)

သင်တို့အဘများသည် အနှစ်လေးဆယ်ပတ်လုံး ငါ့ကို အနည်းနည်း စုံစမ်း၍

တော်လှန်ခြင်းနှင့် စမ်းသပ်ခြင်းကို ကြိယာပုဒ်ဖြင့် ဖော်ပြနိုင်သည်။ အခြားသောဘာသာပြန်ဆိုချက်၊ "တောလည်စဉ် ကာလ၌ ဘုရားသခင်ကို အမျိုးမျိုး စုံစမ်း၍" (ရှု၊ rc://*/ta/man/translate/figs-abstractnouns)