my_tn/heb/03/01.md

3.8 KiB

ဆက်စပ်မှုဖော်ပြချက်

အခန်းကြီး ၃ နှင့် ၄ တွင် ပါဝင်သော ဒုတိယမြောက် အရေးကြီးသော သတိပေးချက်ကို အပြည့်အစုံတွေ့ရသည်။ စာရေးသူက ခရစ်တော်သည် မိမိအစေခံ မောရှေထက် ပိုမြင့်မြတ်သည်ဟူ၍ အစပြုထားသည်။

သန့်ရှင်းသော ညီအစ်ကိုတို့

ညီအစ်ကိုတို့ဆိုသည်မှာ ယုံကြည်သူ ညီအစ်ကိုမောင်နှမများကို ဆိုလိုသည်။ အခြားသောဘာသာပြန်ဆိုချက်၊ "သန့်ရှင်းသူ ညီအစ်ကိုမောင်နှမတို့" သို့မဟုတ် "အချင်း ယုံကြည်သူတို့" (ရှု၊ [[rc:///ta/man/translate/figs-metaphor]] and [[rc:///ta/man/translate/figs-gendernotations]])

ကောင်းကင်ဘုံနှင့်စပ်ဆိုင်သော ခေါ်ဘိတ်တော်မူခြင်းကျေးဇူးကို ခံရသောသူ

"ကောင်းကင်ဘုံနှင့်စပ်ဆိုင်သော" ဟူသည်မှာ ဘုရားသခင်၏ နေရာကို ဆိုလိုသည်။ အခြားသောဘာသာပြန်ဆိုချက်၊ "ဘုရားသခင်၏ ဖိတ်ခေါ်ခြင်းကို ခံရသော" (ရှု၊ rc://*/ta/man/translate/figs-metonymy)

တမန်တော်

စေလွှတ်ခြင်း ခံရသောသူကိုသာ ဆိုလိုသည်။ တဆယ့်နှပါးသော တမန်တော်ကြီးတို့ကို မဆိုလိုပါ။ အခြားသောဘာသာပြန်ဆိုချက်၊ "စေလွှတ်ခြင်းခံရသောသူ"

ငါတို့ဝန်ခံသော

အခြားသောဘာသာပြန်ဆိုချက်၊ "ငါတို့ သက်သေခံသောသူ" သို့မဟုတ် "ငါတို့‌ ယုံကြည်သောသူ" (ရှု၊ rc://*/ta/man/translate/figs-abstractnouns)

ဘုရားသခင်၏ အိမ်တော် တအိမ်လုံး

အခြားသောဘာသာပြန်ဆိုချက်၊ "ဘုရားသခင်၏ လူများအားလုံး" (ရှု၊ rc://*/ta/man/translate/figs-metaphor)

ယေရှုသည် ... ထင်မှတ်စရာရှိ၏

အခြားသောဘာသာပြန်ဆိုချက်၊ "သခင်ယေရှုကို ... ဘုရားသခင် မှတ်တော်မူ၏" (ရှု၊ rc://*/ta/man/translate/figs-activepassive)

အလုံးစုံတို့ကို တည်ဆောက်သောသူ

ဘုရားသခင်၏ ဖန်ဆင်းခြင်းအမှုကို အိမ်ဆောက်သကဲ့သို့ ဆိုထားသည်။ (ရှု၊ rc://*/ta/man/translate/figs-metaphor)

အိမ်မည်သည်ကား၊ တစုံတယောက်သောသူ ဆောက်သောကြောင့်ဖြစ်၏

အခြားသောဘာသာပြန်ဆိုချက်၊ "အိမ်တိုင်း၌ တည်ဆောက်သူ ရှိသကဲ့သို့" (ရှု၊ rc://*/ta/man/translate/figs-activepassive)