my_tn/hab/02/06.md

3.2 KiB

ယေဘုယျအချက်အလက်

ထာဝရဘုရားသည် ဟဗက္ကုတ်အားဆက်လက်စကားပြောနေသည်။ သူသည် ခါလဒဲပြည်သားများအားလုံးအား ပုဂ္ဂိုလ်တစ်ဦးအဖြစ် တင်စား ရည်ညွှန်းထားပါသည်။

အဘယ်မျှကာလပတ်လုံး ကိုယ်အပေါ်မှာ ကြွေးများကို တင်စေပါလိမ့်မည်နည်းဟု မြွက်ဆိုကြမည်မဟုတ်လော။

ဆိုလိုချက် (၁) ခါလဒဲလူများသည် လုယက်သော သူများကဲ့သို့ လူများကို အတင်းအဓမ္မ သဘောတူလက်မှတ် ထိုးခိုင်းသည်။ သို့မဟုတ် (၂) ထာဝရဘုရားသည် ခါလဒဲလူများ လုယူထားသော အရာများအတိုင်း တစ်နေ့တွင် ပြန်လည်ပေးဆပ်ရမည်ဟု မိန့်မြွက်သည်။ (ရှု။ [[rc:///ta/man/translate/figs-rquestion]] and [[rc:///ta/man/translate/figs-metaphor]])

ကြွေးများ

ကြွေးမြီအတွက် ကတိပေးခြင်းကို ရေးသားမှတ်သားသည့် စာရွက်စာတမ်း။

သင့်ကို ကိုက်သော သူတို့သည် ချက်ခြင်း ထကြ မည်မဟုတ်လော။ နှောင့်ရှက်သော သူတို့သည် နိုးကြမည် မဟုတ်လော။

ဤမေးခွန်းသည် ခါလဒဲ လူများ ဖြေဆိုရန် ပေးထားသော အကြောင်းအရာဖြစ်သည်။ "သင့်ကို စိတ်ဆိုးသောသူသည် သင့်ကို ဆန့်ကျင်လိမ့်မည်။ သင့်ကို ခြောက်လှန့်သောသူသည် သင့်ကို ပြန်လည်တိုက်ခိုက်လိမ့်မည်။ (ရှု၊ rc://*/ta/man/translate/figs-rquestion)

သင့်ကို ကိုက်သော သူတို့သည်

အဓိပ္ပါယ်မှာ အကြွေးပေးရမည့် သူကို ပြန်ပေးဆပ်ရမည်။ သို့သော် အခြားခေတ်သုံးအနက်ဖွင့်ကျမ်းများ၌ ထိုအဓိပ္ပါယ်ကို "ကြွေးရှင်" ဟုဖော်ပြပြီး "ကြွေးမြီစားများ" ဟုမရေးပါ။ (ရှု၊ rc://*/ta/man/translate/figs-idiom)

ထကြ

ပိုမိုများပြားလာသည်။ ပိုမိုအင်အားကြီးမားလာသည်။

လုယူသော

ခိုးယူခြင်း သို့မဟုတ် အတင်းအဓမ္မလုယူခြင်း