my_tn/gal/06/14.md

4.6 KiB

ငါဖြစ်လျှင်၊ ငါတို့သခင်ယေရှုခရစ်၏ လက်ဝါးကပ်တိုင်တော်မှတပါး အဘယ်အရာ၌မျှ ဝါးကြွားခြင်းမရှိပါစေနှင့်

"လက်ဝါးကပ်တိုင်တော်ထက် အခြားအရာများ၌ အကျွန်ုပ် မဝါကြွားလိုပါ" သို့မဟုတ် "လက်ဝါးကပ်တိုင်တော်၌ သာလျှင် အကျွန်ုပ်ဝါကြွားလိုသည်"

ထိုလက်ဝါးကပ်တိုင်တော်မှာ ဤလောကသည် ငါ့အဘို့ ရိုက်ထားခြင်းကို ခံလျက်ရှိ၏

ပြုသူဝါကျဖြင့် ပြန်ရေးနိုင်သည်။ အခြားသောဘာသာပြန်ဆိုချက်၊ "ဤလောကသည် သေပြီးသကဲ့သို့ ငါမှတ်၏" သို့မဟုတ် "ဘုရားသခင်သည် လက်ဝါးကပ်တိုင်ပေါ်တွင် အသေသတ်ခဲ့သော လောကကြီးကို သားကောင်ကဲ့သို့ ငါမှတ်ယူ၏" (ရှု၊ rc://*/ta/man/translate/figs-activepassive)

ငါသည်လည်း ဤလောကအဘို့ ရိုက်ထားခြင်းကို ခံလျက်ရှိ၏

အခြားသောဘာသာပြန်ဆိုချက်၊ "ငါသည်လည်း ဤလောကကြီးအတွက် အသေခံပြီး" (ရှု၊ rc://*/ta/man/translate/figs-ellipsis)

ငါသည်လည်း ဤလောကအဘို့ ရိုက်ထားခြင်းကို ခံလျက်ရှိ၏

ဖြစ်နိုင်ခြေအဓိပ္ပာယ်မှာ (၁) ဤလောကကြီးကလည်း ငါ့ကို သေပြီးသော လူအဖြစ် တွေးထင်ပြီးဖြစ်သည်။ သို့မဟုတ် "လက်ဝါးကပ်တိုင်ပေါ်တွင် အသေခံသူကဲ့သို့ ဤလောကကြီးက ငါ့ကို မှတ်ထင်ထားသည်။"

ဤလောက

ဖြစ်နိုင်ခြေအဓိပ္ပာယ်မှာ (၁) ဘုရားသခင်အတွက် ဂရုမစိုက်သော လောကကြီးပေါ်မှ လူသားများ သို့မဟုတ် (၂) ဘုရားသခင်၏ အကြံအစည်ကို ဂရုမစိုက်သောသူများ

အကျိုးမရှိ

ဘုရားသခင်အတွက် အရေးပါသည်။

သတ္တဝါအသစ်ဖြစ်ခြင်း

ဖြစ်နိုင်ခြေ အဓိပ္ပာယ်မှာ (၁) ယေရှုခရစ်တော်ကို ယုံကြည်သော ယုံကြည်သူအသစ် သို့မဟုတ် (၂) ယုံကြည်သူ၏ အသက်တာအသစ်

ဤနည်းဥပဒေသအတိုင်း ကျင့်သောသူရှိသမျှတို့အပေါ်၌၎င်း၊ ဘုရားသခင်၏ ဣသရေလအမျိုးအပေါ်၌ ၎င်း၊ ငြိမ်သက်ခြင်းနှင့် သနားတော်မူခြင်း သက်ရောက်ပါစေသော

ဖြစ်နိုင်ခြေ အဓိပ္ပာယ်မှာ (၁) ယုံကြည်သူများသည် ယေဘုယျအားဖြင့် ဣသရေလအမျိုးများဖြစ်သည်။ သို့မဟုတ် (၂) ငြိမ်သက်ခြင်းနှင့် သနားခြင်းတို့သည် လူမျိုးခြားများနှင့် ဘုရားသခင်၏ ဣသရေလအမျိုးများအပေါ်၌ သက်ရောက်ပါစေသော။ သို့မဟုတ် (၃) ငြိမ်သက်ခြင်းသည် နည်းဥပဒေသကို လိုက်နာသောသူများအပေါ် သက်ရောက်၍၊ သနားခြင်းသည် ဘုရားသခင်၏ ဣသရေလအမျိုးတို့အပေါ်၌လည်း သက်ရောက်ပါစေသော။